မောင်းပြန်ကျည်ဆန်ကြားမှာ ..........
ဒေါင်းအလံဟာ လွင့်ပြန်.ဆဲပါ။

Wednesday, March 17, 2010

အမေ


ခြောက်သွှေအက်ကွဲ
မျှော်လင့်ချက်တွေ အရည်ပျော်ကျ
နေလောင်သစ်သီးများလို
ရှုံတွတွဘ၀ကို ရဲရဲမကြည်.ချင်။

အသက်ရှုမှားလောက်အောင်
အမှောင်တိုက်ကြီးစိုး
မိုးသောက်ကြယ်တစ်ပွင့်
ဘယ်ဆီရွှက်လွှင့်နေပြီလဲ......။

အမေကတော့ပြောဖူးတယ်
ဘ၀တစ်ခုရဲ. ဖြတ်သန်းချိန်ဟာ
ရေပွက်ပမာတဲ့
ဟုတ်ကဲ့ အမေ
ရေပွက်လိုဘ၀မှာ
မှန်ရာကိုလျှောက်
ဘ၀ကိုတည်ဆောက်လို.
သားတို.အမေ့ကိုရိုကျိုးလိုက်ပါတယ်။

ရာဇ၀င်သစ်


ပျိုမြစ်ခြင်း
သစ်လွင်ခြင်း
ရှင်သန်ခြင်း
သင်းထန်လွင့်ပြန်.
ရွှေရောင်နေ.ရက်များနှင့်အတူ
အမှောင်တခါးဖွင့်လှစ်
ရှစ်ဆယ့်ရှစ်ဟာ
ရာဇ၀င်သစ်ဖြစ်တယ် ....။

တော်လှန်ချင်းနှင့်
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြ
အမှန်ကိုချစ်တဲ့ သူပုန်စိတ်နဲ.
မဟုတ်မခံ အံတုဖီဆန်ကြ
ဘ၀တွေမုန်တိုင်းဖြစ် ......
ညစ်ရိုင်းချင်းကို ဖြိုဖျက်ပြီ။

သမိုင်းလှိုင်းတံပိုးတွေနဲ.
ရာဇ၀င်မော်ကွန်းထိုး
နိုးကြားရှင်သန်
မောင်းပြန်ကျည်ဆန်ကြားမှာ ..........
ဒေါင်းအလံဟာ လွင့်ပြန်.ဆဲပါ။

စာဖတ်ကြပါ........ ဒို့လူငယ်

လမ်းဘေးမှာ မွေးတဲ့ ချီးစားခွေးမျိုးနဲ့ နိုင်ငံခြားခွေးမျိုး ဘယ်မျိုးခွေး ပြိုင်ပွဲ ရောက်မယ်ထင်လဲ ..? သေခြာပါ တယ်.ခွေးလှလှလေးပဲ ရောက်မှာပါ။ မြင်းကျားတွေကို ဂျော်ကီတွေ ဘာလို့ မရွေးချယ်တာလဲ...? ကျွဲ နဲ့ နွား ကို ဘယ်ကောင်ခိုင်းကောင်းမယ်ထင်လဲ ...? နေရာဒေသ နဲ့ ရွေးပါတယ်။ တိရိစ္ဆာန်တွေဟာ မျိုးနဲ့ နေရာဒေသ အလိုက် ကွာခြားပါတယ်။

လူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဘယ်ဒေသမှာပဲနေနေ အသိဥာဏ် ကွာဟမှု ကျဉ်းမြောင်းပါတယ်။ အားလုံး တန်းတူပါပဲ။ ဥာဏ်အရမ်းကောင်းတဲ့ လူမျိုးဆိုတာ မရှိပါဘူး။ သိပ်တော်တဲ့ လူမျိုးကိုတွေ့ရင် သူ့တို့ အမိုင်းကြောင်း ကို ပြန်လေ့လာသင့်ပါတယ်။

လူရယ်လို့ ဖြစ်လာပြီး ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်ပေမဲ့ အနှီးစုတ်ခြာခြာထဲက ကလေးနဲ့ ကတ္တီပါစ၊ သားမွေးစထဲက ကလေး ဘယ်ကလေး ထွန်းပေါက်ဖို့များလဲ..? လူဆိုတာ ကိုယ့်အတိတ် ကံ နဲ့ ကိုယ်လာကြ တယ် ဆိုပေမဲ့ အတိတ်ကံ မကောင်းလို့မှ ချို့တဲ့စွာမွေးလာတဲ့ ကလေးများထဲက ထွန်ပေါက်မယ်ဆိုလည်း အရည်အတွက် အားဖြင့် နည်းပါလိမ့်မည်။

ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် လူတန်းစားကွာဟမှု၊ မိဘတွေရဲ့ အသိဥာဏ်နဲ့ ပံပိုးမှု ထိန်းကျောင်းမှု တွေဟာ သားသမီးတွေ အတွက် ကြီးမားတဲ့ အင်အားပါ။ လူတန်းစားအရ အပေါ်လွှာ သားသမီးများအဖို့ မီးတွေ ထိန်ညီးအောင် ထွန်းထားတဲ့ ဖြောင့်ဖြူးနေသော လမ်းမကြီး ကို လျှောက်ရသလိုပါပဲ။ ဘေးမှာလဲ လမ်းပြမဲ့သူတွေ အားပေးမဲ့ လူတွေကလဲ ထုနဲ့ ဒေးပါပဲ။ ပြေးရုံတင်မက ပါဘူး ဂျွမ်းပါထိုးပြလို့ရပါသေးတယ်။ လိုရာပန်းတိုင်ကို အနှောင့်အယှက်ကင်းစွာ စိတ်မညစ်ရပဲေ၇ာက်သွားမှာပါ။ ဒါတောင်လမ်းဘေးထိုင်ပြီး အရက်သောက်၊ ဆေးချနဲ့ ဘ၀ပျက်သွားသူတွေ အများကြီးပင်ရှိသည်။

ဆင်းရဲသားလူတန်းစားများအဖို့မှာကား ရှေ့မှာ စားဖို့ရှာနေရသည်နှင့်ပင် သားသမီးများကို ကောင်းစွာ မထိန်း ကျောင်း နိုင်ပါ။ အသိဥာဏ် ရှိသော မိဘများဆိုလျှင်တော်သေးသည် မရှိလျှင် ထိုကလေး ဘ၀မျှောတော့ သည်။ ကလေးဆိုသည်မှာ ဖယောင်းကဲ့သို့ပင် ငယ်စဉ်ထဲကပင် ပုံသွင်းရပါသည်။မကောင်းသော အကျင့် ဆွဲနေကာမှ အတင်း ရိုက်နှက် ဆုံးမနေလို့ မလွယ်တော့ပါ။ ထိုကလေးငယ်တို့ ၏ ဘ၀ သည် ညအခါ တောအုပ်ထဲ၌ မျက်စိ မမြင်သူကို မျက်နှာအုပ်ကာ လမ်းလျှောက်ခိုင်းသကဲ့သို့ပင်ဖြစ်တော့သည်။ ဆူး ၊ ညှောင့်၊ ချောက်ကမ်းပါးတို့၏ ဒါဏ်ကြောင့် ဒါဏ်ရာတို့နှင့် အတိပြီးသော ကလေးငယ်တို့အား သားရဲတိရိစ္ဆာန် ကဲ့သို့သော လောင်းကစား၊ အရက်၊ ဘိန်း စသည်တို့က ဖြတ်ဆီးရန် ၀ိုင်းရံနေကြပေသည်။
ထိုသို့ အားဖြင့် ဘ၀ပျက်သွားသော ကလေးငယ်တို့သည် နောက်သောအခါ ထောင်၊ သချိုင်း နှင့် အရက်ဆိုင် များထဲသို့ ရောက်ကုန်ကြတော့သည်။ ထိုအထဲမှ ရွံ့ရွံ့ချွန်ချွန် ကြိုးစားသူတို့သာ လိုရာပန်းတိုင်သို့ ရောက်ကြ ပါသည်။သို့သော် ထိုသူတို့သည် လိုရာပန်းတိုင်သို့ အလွယ်တကူရောက်လာကြသည်မဟုတ်ပဲ တစုံတရာ ကို ပေးဆပ်ခဲ့ရပေသည်။

လိုရာပန်းတိုင်သို့ ရောက်ကြသူခြင်းတွင် အပေါ်လွှာလူတန်းစားကတော့ အခတ်အခဲဆိုတာ စာထဲမှာသာ ဖတ်ဖူးပေလိမ့်မည်။ ဆင်းရဲသားလူတန်းစားကထွန်းပေါက်သူက အပေါ်လွှာလူတန်းစားတို့ ကြိုးစားသည်ဟု ဆိုသည်ကို ရီပေလိမ့်မည်။ ဒါမျိုးတွေက ဖြစ်တက်သည်မို့ ထားလိုက်ပါတော့မည်။ မည်သို့ပင်ဆိုစေကာမူ ထိုသူတို့သည် လိုရာပန်းတိုင်သို့ ရောက်ခဲ့ကြပြီဖြစ်သည်။ သူတို့ စိုက်ပျိုးထားသော အပင် မှ အသီးအပွင့်တို့ စားသုံးခွင့်ရကြပြီဖြစ်သည်။ ဤ post ကိုဖတ်ရှုသူသည် ပညာသင်ကြားနေဆဲဖြစ်ပါက ပညာရေးကို ဦးစားပေးစေချင်ပါသည်။ ပညာတည်းဟူသော အရာသည် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းမှုနည်းပါး သော်လည်း နောင်အခါတွင် ကြီးမားသော အကျိုးကိုပေးစွမ်းသော အရာဖြစ်သည်။ ဘ၀ပေါင်းများစွာကို လျှော်ဖွတ်ပစ်နိုင်သည်။ လူတန်းစားမရွေးပဲ ပညာသည် သူ၏တန်းခိုးအာဏာ ကို ပေးစွမ်းပါသည်။ ပညာမြင့် လျှင် တိုင်းပြည်မြင့်မည် တိုင်းပြည်မြင့်လျှင် လူမျိုးတင့် ပါလိမ့်မည်။ ပညာမလိုချင်သူအတွက် မည်သည့်နေရာ တွင်ရှာရှာ ပညာရမည်မဟုတ် ၊ ပညာလိုချင်သူအတွက် လမ်းဘေးပလပ်ဖောင်းအဟောင်းဆိုင်က ပင် ပညာသိုက် ဖြစ်ပေသည်။ ဒါကိုမှ အားမရသေးဖူးဆိုလျှင် စာကြည့်တိုက်တွေ ရှိပါသေးသည်။ စာကြည့်တိုက် သည် အတန်းပညာသတ်မှတ်မခံရသော်လည်း အသိပညာ၊ အတက်ပညာတို့၏ ပဒေသာပင် ဖြစ်သည်။ စာကြည့်တိုက်သည် ကမ္ဘာအတွက် များစွာ အကျိုးပြုခဲ့သည်။ သိပ္ပံပညာရှင်များစွာ ခေါင်းဆောင်များစွာ ကိုမွေးထုတ်ပေးခဲ့သည်။ စာပေကပေးသော အသိပညာ၊ အတက်ပညာဟူသည် တန်ဖိုးကြီးစာအုပ်များကို ၀ယ်ဖတ်မှ ဌားဖတ်မှ ရနိုင်ခြင်းမဟုတ်၊ စာတိုလေး တစ်ကြောင်း နှစ်ကြောင်းကပင် သင်၏ အမိုက်မှောင် ကို ပွင့်လင်းစေသည်။ ထိုကြောင့် ဆင်းရဲချမ်းသာမရွေး လူငယ်များအနေနှင့် မိမိတို့အားလပ်သော အချိန်လေးများတွင် အသိပညာ၊ အတက်ပညာများ ရှာဖွေဆည်းပုးကြပါလို့ တိုက်တွန်းလိုက်ပါသည်ခင်ဗျာ...

ကိုနောင်ရိုးသစ် blog မှမှီငြမ်းသည်

Tuesday, March 16, 2010

၁၈၆၆ ခုနှစ် နိုင်ငံတော် လုပ်ကြံမှု

အမှား -
အမှားတဲ့ - -
ဤလောကတွင် မည်သူမဆို အမှားများကို ကျုးလွန်မိလေ့ရှိကြသည်။ ထိုသို့ကျုးလွန်ကြရာဝယ် ခြေဆော့၊ လက်ဆော့၊ မတော်တဆ ကျုးလွန်မိသော အမှားများထက် အသေအခြာ စနစ်တကျ ကျုးလွန်သော အမှားများ သည် ပို၍မိုက်မဲတက်ကြသည်။ မိမိရဲ့ လောဘ၊ အတ္တ၊ မာန်မာနများကြောင့် မှားသော အမှားအတွက် မိမိအပြစ် ကို မိမိသာလျှင်ခံယူရဲသည် ဟုဆိုသော်လည်း ထိုအမှားသည် တိုင်းပြည် တစ်ခုလုံး နှင့် ကိုယ်ပြည်သူတွေကို ရာစု နှစ်နှင့်ချီကာ ကမ္ဘာနှင့်ယှဉ်လျှင် အောက်ကျနောက်ကျ ခံစားစေသည့် ကြီးမားသော အမှားကြီးမျိုးကို ကျန်ုပ်တို့ မြန်မာလူမျိုးများ ထဲမှ ၂.၈.၁၈၆၆ တွင်တစ်ကြိမ် ကျုးလွန်ခဲ့ကြ ဖူးပေသည်။ ထို့ကြောင့်ပင်လျှင် တိုင်းပြည် ဖရိုဖရဲဖြစ်ကာ တပါးကျွန်ဘ၀သို့ ကြရောက်ခဲ့ရပေသည်။ ကိုယ့် သားအရွယ်တိုင်းတပါးသားကို ဒူးထောက်၊ သခင်ခေါ် ၊ ဘုရားထူးနေကြ၇သည့်အဖြစ်ကို နာကျဉ်းခဲ့ကြသည့် အတွက် တတိုင်းပြည်လုံး ကျွန်ဘ၀မှ ကွင်းလုံးကျွတ်လွတ်အောင် လွတ်လပ်ရေးကိုဆောင်ကျဉ်းပေးခဲ့သည့် အပြင် အင်္ဂလန်ကို အမှီလိုက်ဖို့ ဒို့မြန်မာတွေ ကုန်းလုပ် ၊ ကြုံးလုပ် ၊ ပြဲအောင်လုပ်မှ တော်ရာကျမယ်လို့ သင် ကြားပေးခဲ့တဲ့ တမျိုးသားလုံး၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့သော ၁၉.၇.၁၉၄၇ နေတွင် ဦးစောတို့ ကျုးလွန်ခဲ့သော အမှားသည် ပြန်လည်၍ မရနိုင်သော ဆုံးရှုံးမှုကို မြန်မာတို့ ဆုံးရှုံးခဲ့ရသည်။

မြန်မာတို့သည် ရာဇ၀င်တလျှောက် ဇာတိသွေး၊ ဇာတိမာန်၊ သတ္တိ၊ စစ်မဟာဗျုဟာ များကို ကျွမ်းကျင်ပိုင်နိုင် ခဲ့ကြသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အာရှတိုက်၏ ခေတ်အဆက်ဆက် မြေမျက် နှာ သွင်ပြင်ရော လူဦးရေ အရပါ ပိုမိုသာလွန်သော အင်အားကြီး နှစ်နိုင်ငံကြားတွင် မိမိတို့ လူမျိုးနှင့် မိမိတို့ နယ်နိမိတ်ကို ခိုင်မာစွာ ထားရစ်ခဲ့နိုင်ကြသည်။ဤသို့ တည်တန့်စွာ ရပ်တည်နိုင်ရန်အတွက် ကျန်ုပ်တို့ အဘိုး၊ ဘေးတို့သည် အသက်၊ သွေး၊ ချွေး ၊ တို့နှင့် ဘ၀များ မည်မျှပေးအပ်ခဲ့ကြရသည်။ မည်မျှစတေးခဲ့ကြသည်ကို မှန်းဆ၍ပင်မရချေ။ တည်တန့်ပြီးသားနိုင်ငံတော် ကို ကမ္ဘာနှင့်ယှဉ်၍ ခေတ်မှီတိုးတက်အောင် လုပ်ဆောင်နေ သော ကနောင် မင်းသားကြီးကို လုပ်ကြံလိုက်ကြသော အဖြစ်သည်ကား ဘယ်လိုအရေးကိုမှ မျှော်တွေးမ ကြည့်တက်ကြသော အာဏာရူးမိုက်ကန်းကန်း လူတစ်စုပင် ဖြစ်တော့သည်။ သက်ဦးစံပိုင် ဘုရင် စနစ်တွင် လုပ်ကြံမှုများစွာထဲမှ ဆုံးရှုံးနစ်နာမှု အကြီးမားဆုံးလုပ်ကြံမှုပင်ဖြစ်သည်။

မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားနှစ်ပါးသည် မင်းတုန်းမင်းကြီး၏ သားတော် အရင်းတွေ ပင်ဖြစ်သည်။ ဘုရင့် သားဆိုသည့်အတွက် သူတို့လည်း ဘုရင် ဖြစ်ချင်ပေမည်။မင်းတုန်းမင်းက ညီတော် ကနောင်မင်းသားကို အိမ်ရှေ့အရာအပ်နှင်းသည့် အခါမှာ သူတို့အတွက်ရာဇပလ္လင်သည် ဝေး၍သွားခဲ့ပေသည်။ဆိုးသည်က မြန်မာ မင်းတွေသည် မိဖုရားများများထားပြီး မွေးလာတဲ့ သားတော် တိုင်းဟာ ဘုရင်ဆိုသည့် အိမ်မက် ကို မက်လို့ရသည့် အဖြစ်ကြောင့်ပင်ဖြစ်သည်။ တနေ့အခါ မြင်ကွန်း၊ မြင်းခုန်တိုင် မင်းသားနှစ်ပါးသည် ဥယျာဉ်တော်မှာ ပျော်ပါးကစားကြပါသည်။ ထမင်းစားချိန်ရောက်တော့ ဆာလာသည်နှင့် ပြန်ကြတော့ လေးသိန်းတံခါး အထွက်တွင် နွားဖြူလေးတစ်ရှဉ်းကိုတွေ့ပြီး သတ်စားကြပါသည်။ ထိုနွားနှစ်ကောင် သည် မင်းတုန်းမင်း၏ မင်္ဂလာ နွားဖြူလေး နှစ်ကောင်ပင်ဖြစ်သည်။ မင်းတုန်းမင်းက အကျဉ်းချသော အခါ ညီတော် အိမ်ရှေ့မင်းသားကို တာဝန်ပေးပါသည်။ အိမ်ရှေ့မင်းသားကြီးက နှစ်ပတ်ချုပ်ပြီး ပြန်လွတ်ပေးလိုက်ပါသည်။ ထိုအဖြစ်ကြောင့်ပင် အိမ်ရှေ့ကိုယ်တော်ကြီးအား မြင်ကွန်းမင်းသားက ပိုမိုအငြိုးပြင်းထန်လာခဲ့ပါသည်။ ထိုအချဉ်းအရာ ကို သတိထားမိသော ကိုယ်တော်ကြီးက မြင်ကွန်းမင်းသား ကြေးတိုက်မှထွက်သော နေ့မှာပင် သမီးတော် တောင်ညိုမင်းသမီး သီရိဘဒ္ဒါဝတီ နဲ့ လက်ဆက်ပေးလိုက်ပါသည်။ လူကြီးစိတ်နဲ့ အရှက်တော်ပြေအောင် မငြိုးမထားအောင် စီမံလိုက်ခြင်းဖြစ်သည်။ တူတော် ကို သမီးတော် ပေးပြီး သမက်တော်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် သစ်ကောက်၊ ၀ါးကောက်တာကိုသာ မြင်ရပြီး လူစိတ်ရဲ့ အတွင်း ကောက်မှုကို ကနောင်မင်းသားကြီး မမြင်ရှာခဲ့ပါ။

လုပ်ကြံမှုအရေးတော်ပုံမှာ ဦးပုည မြောက်ပေးနေတယ်လို့ကြားသောအခါ ကနောင်မင်းသားကြီးက ခေါ်စစ်ပါ သည်။ ဦးပုည က ဘူးခံနေသော အခါ မင်းတုန်းမင်းက ပညာရှိတစ်ယောက် ချမ်းသာစွာနေပါစေလို့ အမိန့် တော်ချခဲ့လေသည်။ နောက်ဆုံး ဦးပုည ကို နန်းတော်တွင်း သုံးနှစ် ၀င်ထွက်ခစားခြင်းမပြုရလို့ အမိန့်တော်ချ မှတ်လိုက်ပါသည်။ ထိုအချိန်တွင် မြင်ကွန်းမင်းသားကြီး ၏ အကြီးတော် ငသံမှို သည် ကျွန်တော်မျိုးငါးဆယ် နဲ့ ဓါးရေး လှံရေး လှို့ဝှက် သင်ကြားနေပါသည်။ ကနောက်မင်းသားကြီးသည် ဓါးပြီး လှံပြီးသည်ဟု ဆို၍ မြင်ကွန်းမင်းသားတို့က အစီအရင်များ လုပ်ကြပါသည်။ ငသံမှို က ဦးစီးပြီး ဓါးလုပ်မည့် သံချောင်းကို ကိုးသချိုင်းမှာ ကိုးရက်မြုတ်စေပြီးမှ ဓါးလုပ်ပါသည်။ ဓါးဖြစ်လာပြီဆိုသောအခါ ဆေးဝါးမန္တန်တို့နဲ့ အစစအရာ ရာ မလိုရလေအောင် သိဒ္ဓိတင်ထားပါသည်။ ဦးရီးတော်ကိုလုပ်ကြံဖို့ ပေါ်ပေါ်ထင်ထင်ပြောနေသည့်အပြင် အခါတော်ပေးဖို့ ဦးပုည ကို မိန့်ဆိုနေသည်ကို သိရှိသွားတဲ့ တောင်ညိုမင်းသမီးသည် ခမည်းတော်အိမ်ရှေ့ မင်းသားကြီးထံသို့ အစေတော်လွတ်သည်။ ထိုအစေတော်က မြင်ကွန်းမင်းသားထံသို့ စာကို အပ်လိုက်သော အခါ မြင်ကွန်းမင်းသားက စာကိုဖတ်ပြီး အိမ်ရှေ့မင်းသားကြီးထံသို့ သွားပို့စေပါသည်။ ထို့နောက် ဒေါသထွက်နေသော မြင်ကွန်းမင်းသား၏ လက်တွင် တောင်ညိုမင်းသမီး နတ်ရွာလားရရှာလေတော့သည်။ သမီးတော်ရဲ့ သတင်းပေးစာနဲ့ သမီးတော် အသတ်ခံရသည်ကို မည်သို့မျှအရေးမယူသော အိမ်ရှေ့ကိုယ်တော် ကြီး၏ လုပ်ရပ်များကို နားမလည်နိုင်ဖြစ်မိသည်။ ထိုသို့ အမှတ်မထင်နေမှုကြောင့် မကြာလိုက်မီ အချိန်လေးအတွင်းမှာပင်လျှင် အိမ်ရှေ့စံ ကနောင်မင်းသားကြီးအဖို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရပေတော့သည်။

ထိုနေ့ အတိအကျမှာ ၁၂၂၈ ခုနှစ် ဒုတိယ၀ါဆိုလပြည့်ကျော် ( ၇ ) ရက် - ခရစ်နှစ် (၂.၈.၁၈၆၆) နေ့ဖြစ်သည်။အချိန်က နေ့လည် တိမ်းစပြုနေချိန်၊ လွတ်တော်အစည်းအဝေး မှာ စတင်နေပြီဖြစ်သည်။ ကင်းဝန်မင်းကြီး ဦးမာလိန်၊ သူရဲဝန် ဦးရွှေလုံး၊ မြတောင်မြို့စားသေနက်ဝန်၊ မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသား စသည့်မင်းသားများသည် အဆင့်အတန်းလိုက် ခစားနေကြလေသည်။ လွတ်တော်ခန်းမရဲ့ ထိပ်တွင် အိမ်ရှေ့စံကနောင်မင်းသားကြီးက ထိုင်နေတော်မူသည်။ နိုင်ငံရေး၊ ပြည်ထဲရေး ၊ အင်္ဂလိပ်တို့ရဲ့ နယ်ချဲ့မှုများကို စီစစ်၊စေငု၊ စစ်ကြော နေသည်။ထိုအချိန်တွင် လွတ်တော်ဆီသို့ မင်းသားတစ်ပါး အသက်လု၍ ပြေးလာနေသည်။ ထိုသူမှာ မြင်ကွန်းမင်းသားပင်ဖြစ်သည်။ နောက်မှ လက်သုံးတော်ကြီး ငဖြူသီးက ဓါးလွတ်ကိုင်၍ ပြေးလိုက်လာသည်။ မြင်းကွန်းမင်းသားက လွတ်တော်အတွင်းသို့ ဦးရီးတော် ကယ်ပါအုံးဘုရားဆိုပြီးပြေးဝင်လာသည်။ ရုတ်တရက်ကြောင်သွားသော်လည်း အခြေအနေမူမမှန်သည် ကို သိသော ကနောင်မင်းသားက လှေကားမှ လွတ်တော်အပေါ်အထိ ပြေးတက်သွားသည်။ အနားရောက်လာသော ငဖြူသီးက ဓါးဖြင့်ခုတ်ရာ ခြေသလုံးကို ခုတ်မိပြီး လှေကားပေါ်တွင် လဲကျသွားသည်။ ထို့နောက် လဲကျသွားသော ကနောင်မင်းသား၏ ဇတ်တော်ဆီသို့ ငဖြူသီးက တချက်တည်း ပိုင်းချလိုက်လေတော့သည်။ ဤသို့ဖြင့် အိမ်ရှေ့ကိုယ်တော်ကြီး၏ သွေးတို့သည် ရာဇပလ္လင်ခြေရင်းတွင် စွန်းထင်းပေခဲ့တော့သည်။ ထို့ကြောင့်တိုင်းပြည်သည်လည်း စက်မှုနိုင်ငံတည်ထောင်စမှာပင် တစ်စခန်းရပ်ခဲ့ ရပေတော့သည်။ ပြည်သူတွေ အကျိုး တိုင်းပြည်အကျိုးကိုဘေးချိတ်ပြီး ထင်ရာစိုင်း ထင်တိုင်းကြဲခဲ့ကြသော အာဏာရူးတို့ကြောင့် တိုင်းပြည်ဗိသုကာ များ ဆုံးရှုံးခဲ့ရသည်မှာ ခေါင်းဆောင် တစ်ဦးကို လုပ်ကြံခြင်းမဟုတ် ပဲ တိုင်းပြည်နှင့် ပြည်သူ ကို လုပ်ကြံခြင်းပင်ဖြစ်ပေတော့သည်။ ။

ကိုမင်းနောင်ရိုး blog မှကိုးကားချက် ..............

Monday, March 15, 2010

Window XP ရဲ့ ရိုးရှင်းသော လျှို့ ဝှက်ချက် (၄၀)

Window XP ရဲ့ ရိုးရှင်းသော လျှို့ ဝှက်ချက် (၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅
မိနှစ်အ တွင်းမှာ ပုန်းကွယ်နေတဲ့ အ မှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အ နေနဲ့
အပြင်ကို ခဏတဖြုတ် သွားမယ့် အ ချိန်မျိုးတွေမှာ သိပ်အ သုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အ စွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အ တွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အ မှန်ခြစ် အ မှတ် အ သား လုပ်ထားခဲ့ရင် ပြန်ပြီး
“uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး
“properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို
မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို
Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအ မြောက်အ မြား ရှိပါတယ်။
password ပေးပြီး သိမ်းဆည်းထားတာဟာ အ လုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အ ခါမှာ
သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အ ရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင်
Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook
စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd)
(.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက်
ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page
တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့
ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။
Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ
ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့
ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard
disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက်ပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး
ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ
အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန်သုံးစဲသွ လို “Thames” တွေကလည်း
memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့
install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့
လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best
performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အ ခုနည်းက OS ကနေ
အ လိုအ လျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အ တွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အ င်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အ ဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အ ဆိုးရော
အ ကောင်းရော ဖြစ်စေပါတယ်။ အ ဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တေ
ွမရနိုင် တော့ပါ။ အ ကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။
(XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ
သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Pasteဒီလိုမျိုး မြန်ဆန်စေတဲ့
ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web
designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို
ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး
ရှိနိုင်ပြီင်္း အဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel
ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက
အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ
ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို
တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key
ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang
မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။Aဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အ လွန်အ သုံးဝင်ပါတယ်။ window media player ကို
လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အ ရင်ဆုံး player တချို့ ကိုတော့ install
လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအ ရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး
ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင်
‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို
ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စ်ီထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page
“msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို
ဖွင့်လိုက်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အ တွက် အ ရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို short-cuts တွေကို လေ့လာရင်း
သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အ လွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို
ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ Aတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ
ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက်
ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt
နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း
ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint
နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ
နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်
ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ
ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင်
တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version
ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။
IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ
လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’
ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး
အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox”
ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့်
မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့
စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties
ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။
ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည်
ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ်
များများကိုရော လိုချင်တယ် ဆိုရင်အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ
ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန်
ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက်
အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual
memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို
ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom
ကလေးလည်း ပါဝင်ပါတယ်။

ဟိုစပ်စပ် ဒီစပ်စပ် website များ

Gtalk မှ နိုင်ငံ လိမ်ပြောသူများကို ဖမ်းဖို့...

http://www.whatismyipaddress.com

ကွန်ပျူတာ နည်းပညာ သတင်း....

http:// http://www.technical-seven.com/

ဖုန်းအလကားပြောရဖို့နေရာ......

http:// http://www.mediaringtalk.com

ကျော်မယ် ၊ ခွမယ် ဆိုရင်....

http://www.ultrareach.com/

ပုံလှလှလေးတွေ လိုချင်ရင်...(ကျွန်တော်လဲ ဒီက ခိုးတာဗျို့..)

http:// http://www.zwani.com/

E-Books တွေကူးဖို့...

http://www.ebooksbank.com/

အင်တာနက်ဆိုင်က သုံးရင် msdts.exe ဆိုရင် key-logger...သတိထားဖို့...

All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊
(သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)။
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။
ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား ..
software ရှာပြီး စမ်းကြည့်ပေါ့ဗျာ။
ကဲ . ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။
Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။
ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။
အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...။
ဘာလို့ဆို ရိုးရိုးယူဆာတွေအနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end process လုပ်ပြီး.......
ကိုယ်သုံးတဲ့ အကောင့်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း..

အင်တာနက်မရှိသည့်အချိန်တွင် စမ်းသပ်အဆင့်Offline Gmail သုံးစွဲနည်း..


ကမ္ဘာကျော်Google၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Gmail Service
အသုံးပြုသူများအတွက် Offline Gmailကို ဇန်နဝါရီလကုန်ပိုင်းတွင် Googleမှ
စတင်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုကို
အသုံးပြုခြင်းဖြင့် ဝင်းဒိုးစ်စနစ်တွင်ပါဝင်သော Microsoft
Outlookကဲ့သို့ပင် အင်တာနက်ချိတ်ဆက်မှု မရှိသည့်အချိန်တွင်လည်း
အီးမေးလ်ဖတ်ခြင်း၊ အီးမေးလ်ရေးသားခြင်းတို့ကို မိမိ၏ကွန်ပျူတာတွင်
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင် Gmail Serviceတွင်
Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့်
ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ
သိမ်းဆည်းထားပြီး အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍
ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင်
တပ်ဆင်အသုံးပြုထားပါက အဆိုပါ Accountနှင့် ပတ်သက်သည့် E-mail, Attachment
စသည်တို့ကို Gmail Serverတွင်သာမက မိမိကွန်ပျူတာရှိ E-mail
Serverတွင်လည်း တစ်ပြိုင်းတည်း downloadလုပ်ပြီး သိမ်းဆည်းပေးသွားမည်
ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် အင်တာနက်ချိတ်ဆက်၍
သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ ဝင်ရောက်လာသော Inbox
mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ
အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း
သိမ်းဆည်းထားနိုင်လိမ့်မည်။ ထို့ကြောင့် Gmail သုံးစွဲသူသည်
အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် အချိန်တွင်လည်း မိမိ၏
မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့်
သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ
ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Offline Gmail ဝန်ဆောင်မှုမှာ Google၏
Opensource Software တစ်ခုဖြစ်သည့် Google Gearကို အသုံးပြုကာ Google
Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့
အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင်
တပ်ဆင်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

၁။ Gmailသို့ sign-in လုပ်ရပါမည်။

၂။ မိမိ Gmail စာမျက်နှာသို့ ရောက်ပါက "Settings"ကို ရွေးချယ်ပါ။

၃။ "Setting" အောက်မှ "Lab"ဆိုသည့် tabကို ရွေးချယ်ပါ။

၎။ "Lab"စာမျက်နှာတွင် ကဏ္ဍများစွာ ရှိသည့်အနက်မှ အပေါ်ဆုံးရှိ
"Offline"ဆိုသည့်ဘေးတွင် "Enable"ကို ရွေးပေးရပါမည်။

၅။ ထို့နောက် "Lab"စာမျက်နှာ အောက်ဆုံးကိုသွား၍ "Save Changes" လုပ်ပါ။

၆။ "Save Changes" လုပ်ပြီးသည့်အခါ မိမိ၏ Gmail စာမျက်နှာရှိ
"Settings"၏ဘေးတွင် "Offline 0.1"ဆိုသည့် Linkတစ်ခုကို တွေ့ရပါမည်။

၇။ Offline Gmailကို အသုံးပြုနိုင်ရန် အဆိုပါ Linkမှတဆင့် Google Gearကို
လက်ခံအသုံးပြုဖို့ "Allow it to use Gears"ဘေးမှ check boxကို အမှန်ခြစ်
ပြုလုပ်ပါ။ "Allow" buttonကို ကလစ်နှိပ်ပါ။

၈။ ထို့နောက် Offline Gmailကို ကွန်ပျူတာတွင် အလွယ်တကူ
မြင်တွေ့အသုံးပြုနိုင်ရန် Shortcut Icon ထားလိုသည့် နေရာရွေးချယ်ရပါမည်။
ထို့နောက် "OK" buttonကို ကလစ်နှိပ်လိုက်ပါက Google Serverတွင်
သိမ်းဆည်းထားသည့် (၃)နှစ်အောက်သက်တမ်းရှိ မိမိ၏ မေးလ်များနှင့်
Attachment fileများ အားလုံးကို ကွန်ပျူတာရှိ E-mail Serverသို့ Download
လုပ်ပြီး သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ Google၏ Offline Gmailသည်
စမ်းသပ်နေဆဲ(Lab Version)အဆင့်တွင်သာ ရှိသေးပြီး မကြာမီ အပြည့်အဝ
အသုံးချနိုင်သည့် အဆင့်(Full Version)အဆင့်သို့ မွမ်းမံပြင်ဆင်သွားမည်ဟု
သိရသည်။

မှတ်ချက်။ ။ကိုယ်ပိုင်သီးသန့်ကွန်ပျူတာသုံး မဟုတ်သူများ မလုပ်သင့်ပါ...။

Firefox မှာ Youtube Videos တွေကို အလွယ်တကူ Download လုပ်ချင်ရင်....

Youtube Videos တွေကို Download လုပ်နိုင်တဲ့ နည်းတွေအများကြီးရှိပါတယ်...။
အခုပြောမှာကလည်း နည်းထဲက တစ်နည်းပါပဲဗျာ...

မထမဦးဆုံး Download လုပ်တော့မယ်ဆိုရင် ကိုယ် Download လုပ်မဲ့ Youtube Videos ကို ဖွင့်ထားပါခင်ဗျာ..ပြီးရင် Menu Bar က Bookmarks ကို နိုပ်...
Bookmarks This Page (or) Bookmarks Toolbar ကို Right-Click နိုပ်ပြီး
New Bookmark...တစ်ခုတည်ဆောက်လိုက်ပါ...


New Bookmarks ပေါ်လာရင် Name မှာ ကိုယ် Videos ရဲ့ နာမည် ဒါမှမဟုတ် နာမည်တစ်ခုခုပေးပြီး Location မှာ ဒီ Code နှစ်ခုထဲက ကြိုက်တဲ့ Code တစ်ခုကိုထည့်လိုက်ပါ..ပြီးရင် Add ကိုနိုပ်လိုက်ပါ...
Code (1)

javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&fmt_map' + swfArgs['fmt_map'] + '&t=' + swfArgs['t'];


Code (2)

javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&t=' + swfArgs['t'];


နောက် ခုန Bookmarks ကို ပြန်ဖွင့်လိုက်ရင် ဒီလိုလာမယ်..


အဲ့မှာ Open With ပဲဖြစ်ဖြစ် Save As ပဲဖြစ်ဖြစ် ရွေးပြီး OK ကိုနိုပ်လိုက်ရင် ရပါပြီခင်ဗျာ..။
ဒါပေမဲ့ Windows Media Player နဲ့ဖွင့်လို့မရဘူးခင်ဗျာ..။
flv ဖိုင်ဖြစ်နေလို့..Windows Media Player နဲ့ ဖွင်ချင်တယ်ဆိုရင်
ဒီ K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ပါ.. ။
K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ရင် flv ဖိုင်တွေကို Windows Media Player, Windows Media Center, WinAmp, VLC, Media Player Classic နဲ့ အခြား video player တွေ့နဲ့ဖွင့်လို့ရပါပြီ.........။

သိသလောက်ကိုဖြန်.ဝေချင်း (SVCHOST.EXE ကိုသတ်မယ်...)

SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...


မှတ်ချက်...မြန်မာအင်ဂျင်နီယာဖိုရမ်မှ...မှီငြမ်းထားပါသည်...

ချစ်ခြင်းဧ။်တန်ဖိုး .................

အခုတလော ဖြစ်ပျက် သိမြင်ကြားတာတွေကို ကြုံနေရရင်း အတွေးလေးတွေ ၀င်လာလို့ချရေးလိုက်တာပါ ..။ အချစ်ကို ခံစားတတ်သူ လူသားတွေအဖို့ပေါ့ ၊တန်ဘိုးထားတာနဲ့ ပတ်သက်ပြီး ကနဦး ပြောပါရစေ ၊ဘာသာဘာဝ မတူညီတဲ့ ယောက်ျားလေး မိန်းကလေးတွေ ချစ်တာနဲ့ ပတ်သက်ပြီး တန်ဘိုးထားမှုဆိုတာ စာဖတ်သူတွေ ဘယ်လိုမြင်လဲ ..။ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေကြောင့် အချစ်ကို ခံယူထားတာတွေ မတူဘူးဆိုတာရောမှန်လား၊ (ကျွန်တော့်အထင်တော့အနည်းငယ်သက်ဆိုင်မယ်လို့ထင်မိတယ်) မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က စချစ်လို့ ကြိုးစားနေပြီဆိုပါတော့၊ ကြိုးစားရင်း လွယ်ကူစွာနဲ့ အချိန်တိုတွင်းမှာ ဖြစ်ဖြစ် တစ်ခဏအတွင်းမှာဖြစ်ဖြစ် မိန်းကလေးက ထိုယောက်ျားလေးကို အဖြေပေးလိုက်တယ် ..နောက် လက်တွဲကြတယ်ပေါ့ ..အဲလို လွယ်ကူစွာနဲ့ ရတဲ့ အဖြေနဲ့ပတ်သက်ပြီး မိန်းကလေးတစ်ယောက်အပေါ်တန်ဘိုးထားမှု မထားမှုဆိုတာ ခံယူထားတဲ့ ပုဂ္ဂိုလ်အပေါ်မှာပဲ မူတည်သလို နှစ်ဦးစလုံးနဲ့လည်း သက်ဆိုင်မယ်လို့ တွေးမိပါတယ် ၊ လွယ်ကူစွာနဲ့ ပေးမိလို့ င့ါကိုတန်ဘိုးမထားတာနေမှာ ဆိုပြီး တစ်ချို့မိန်းကလေးတွေ တွေးကြ ပြောနေကြတာတွေ တွေ့ဖူးတယ် .. လူဆိုတာ လူချင်းတူပေမယ့် စိတ်ချင်းမှ မတူကျတာ ..။ မိန်းကလေးတစ်ယောက်အချစ်ကို လွယ်ကူစွာရပြီး တန်ဘိုးထားတတ်တဲ့ ယောက်ျားတွေ အများကြီးရှိသလို လွယ်ကူစွာ မရတဲ့အချစ်ကို တန်ဘိုးမထားတဲ့ယောက်ျားတွေလဲ အများကြီးပါ ..။ အဓိကတော့ တန်ဘိုးထားခြင်း မထားခြင်းမှာ နှစ်ဦးစလုံးနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်ပြောချင်တာပါ ဘာသာရေးအရပြောရင်လည်း ထိုနည်းလည်းကောင်းပဲ ..။ ရေစက်ဆုံ ဖူးစာပါမှလည်း ဆုံးဆည်းခြင်းကို အခြေပြုလို့ အိမ်ထောင်တစ်ခု ဖြစ်လာတာပါ ..။ နောက် ပင်ကိုယ်ဗီဇလည်း ပါမယ် ..။..။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စချစ်တယ်ဆိုပါစို့ ...။ အစကတော့ ကိုယ့်စိတ်ထဲ ဒီကောင်မလေးကို တစ်ကယ်ချစ်တာ ကြိုက်တာ ဆိုပြီး ကြိုးစားတယ် ..။နောက် အဆင်ပြေသွားကြတယ်ပေါ့ ..။ အဲလိုနဲ့ချစ်သူတွေဖြစ်တဲ့ အခါမှာတစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ်ဆိုပါတော့ ၊ အဲလို အနေအထားမျိုးမှာ အားနည်းချက်တွေ တွေ့လာတာတွေလည်း ဖြစ်နိုင်သလို စိတ်အသိကိုက နောက်တစ်ယောက် ဒါမှ မဟုတ် အရင်ထားခဲ့ဖူးတာတွေကို အမှတ်မထင်သတိရတတ်တာတွေ စွဲလန်းတာတွေ စသည်ဖြင့် ဖြစ်လာတာရယ်ကြောင့် လက်ရှိကိုယ့်ချစ်သူကို ဖြတ်ပစ်ကြတတ်ပါတယ် ..။ ဒါဟာ ဆိုးရွားချက်တစ်ခုလို့ အပြင်ပန်း သုံးသပ်လို့ ရပါတယ် ..။ တစ်ကယ်တမ်းတော့ အချစ်ဆိုတာ လူတိုင်းမဟုတ်တောင် တော်တော်များ ကြုံတွေ့ခံစားနေရသူတွေမို့ ဖြစ်ပျက်တတ်တဲ့ သဘောတရားလေးကို နားလည်သင့်ပါတယ် ..။အချစ်ဆိုတာ ချစ်ပါ .. ချစ်နိုင်လေကောင်းလေပဲ..။ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ခဲယဉ်းတာ သူများကို ချစ်နိုင်တာ ကောင်းခြင်းတစ်ခုပေါ့ ..ချစ်တာခြင်းတွေတော့ မတူဘူးပေါ့လေ .. တန်ဘိုးထားတာနဲ့ ပတ်သတ်လို့ အဓိကတော့တန်ဘိုးထားတာ မထားတာနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးနဲ့ သက်ဆိုင်သလို ယောက်ျားလေးတစ်ယောက် ခံယူထားတဲ့ စိတ်သဘောထားလေးတွေနဲ့လည်း အများကြီး အကျုံးဝင်ပါတယ်.။(ကျွန်တော့်အမြင်လေးတွေကို ).. စာဖတ်သူများ နားလည် ခံစားနိုင်ပါစေ ..။

ရင်တွင်းခံစားချက်များ ကိုသီကုံးချင်း ............

ကော်ဖီရောင် အနမ်းမှတ်တမ်း

*အစက ချို.....
နောက်မှ ခါး.....
တသသ စွဲကျန်ရစ်ခဲ့
မမူးရစ်ပေမယ့်
တလှပ်လှပ် ရင်ခုန်စေခဲ့တာပဲလေ....
တော်ပြီလို.
ကော်ဖီကို ငါအကြိမ်ကြိမ်ငြင်းဆန်
မင်းသဏ္စန်နဲ့ အလင်းပြန်နေသရွေ. ။

*အရသာ ရောင် အနံ.
မင်း.....သစ္စာရှိလှချည်လားကွာ....
ခုံမင်ခြင်းစိတ်အတ္တတို.
နင့်ဆီတဖန် လည်ပြန်ဆင်းဖို.
ဝေးကွာခဲ့ ဒီအဖုံးလေး .....
ငါနောက်တကြိမ် ဖွင့်ဟလိုက်ပြန်ပြီ....

*ရင်တုန်ပါရစေဦး ကော်ဖီရယ်
ရင်ခုန်ပါရစေဦး အရင်လို .....
မင်းသိလား
ကဖိန်းဓါတ်က ငါလို"ငပိန်း"အတွက်
အမြဲလိုအပ်နေမှာပါ ။
.........................
"ကော်ဖီကင်ဆာ"

ငါဟာကော်ဖီချစ်သူပါ
အရင်ကသောက်ခဲ့ဖူးတဲ့ကော်ဖီတခွက်
ခုထိမမေ့နိုင်ခဲ့တာတော့
Golden View ကသိမှာလား
ဘယ်သူသိသိ မသိသိ
သူသိရင် ကျေနပ်မိမယ်........

ဘယ်ရုံမှာဘာကားလဲမသိ...
ငါကြည့်နေမိတာတော့ ချစ်သူ.မျက်နှာပဲ
လွမ်းတယ်ကော်ဖီရယ်.......
မမေ့ပျောက်သေးရင်တော့...
တို.ရဲ.အကွေ.ကောက်လေးတွေ..
မေ့ဖျောက်ကြေးကွာ
အတိတ်ဇါတ်ကားကနှိပ်စက်ထားလို.
မျက်လုံးထဲက မင်းအရိပ်အသက်များ....
ပျောက်ကွယ်မှာစိုးလို. မမှိတ်ရက်ပါ ....
အအိပ်ခက်တာ ကော်ဖီသိမလား ?

ဆုံနိုင်ခွင်.ရှိသေးမယ်ဆို
တစ်ခါတော့ဆုံချင်ပါရဲ့...ကော်ဖီ
မေ့မရတဲ့ကော်ဖီခွက်ထဲ ငါ့အသဲကို
ထာဝရ......
မြုပ်နှံခွင့်ပေးပါ ကော်ဖီရယ်.............. ။

........................................

ကုန်လွန်ခဲ့တဲ့ နေ့ရက်အချို့မှာ အပြစ်တွေဝေးကွာလို့ အချစ်တွေနဲ့သာ မြူးနေတဲ့ ငါတို့နှစ်ယောက် နေ့ရက်တွေ ..ပျော်မြူးပါတယ် .. အဖေါ်ထူးတစ်ယောက်နဲ့ တွေ့ရသလိုပဲ .. ရိုးရိုးလေးနဲ့မင်းမူရာလေး အပြစ်ကင်းလို့ ရှင်းသန့်နေတယ် ..ငါဟာတစ်ကိုယ်ကောင်းဆန်သူလား .. လိုအပ်ချက်တစ်ခုကို ပုံအပ်တာ မင်းဆီမဟုတ်ခဲ့တာ နားလည်ပေးပါလို့ မတောင်းဆိုပါဘူး .. အဆိုးဆုံးခံစားချက်တွေနဲ့ မင်းနှလုံးသွေးကို စတေးခဲ့လို့ .. ငါ.. မင်းကိုတန်ဘိုးထားဆဲပါ .. မင်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ ငါသိနေလို့ ..။ အချစ်ဆိုတာ ခံစားစိတ်ကလေးထဲက မြူမှုန်လေးမျှသာ ဖြစ်ပေမယ့် ပြင်းပြနေတဲ့ သူတွေအဖို့တော့ ထုထည်ကြီးမားမှာပါ ..ခပ်ပြင်းပြင်း အရက်တစ်ခွက်ကို တရှိုက်မတ်မတ်နဲ့ ရူးမိုက်စွာသောက်သုံးမိတဲ့အခါ လည်မျိုမှာစီးဝင်ချိန်မှစလို့ ရှတတစီးမျောသွားတဲ့ င့ါအဖြစ်ကို မင်း .. စာနာနိုင်မလား ..။ဆန္ဒတွေဝေးကွာလို့ တစ်ခါပြန်မရတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်းဟာ တစ်ခန်းရပ်လို့ ဖြစ်ရပ်အမှန်တွေကို ကုန်လွန်စေခဲ့ပြီ ..ဝေးကွာခြင်းအဖြစ်မှာ ဆွေးရခြင်းခံစားမှုကို ရင်ဝယ်ပိုက်ထွေး မထားစေချင်ဘူး မိန်းကလေးရယ် ..ဘ၀တစ်ကွေ့မှာ ကြုံခဲ့လို့ ဆုံခဲ့ရပေမယ့် င့ါရဲ့ပေးဆပ်ခြင်းတွေက မင်းအပေါ် သက်ရောက်မှုမရှိခဲ့တာ င့ါရဲ့ တန်ဘိုးမရှိတဲ့ စိတ်ရိုင်းတစ်ခုကို မင်းရင်ထဲက ဆွဲနုတ်လိုက်ပါလို့ ပြောပါရစေ ..င့ါစိတ်မှာ တစ်ယောက်ယောက်ကို မြတ်နိုးနေမိတာ .. လွန်ဆန်မိတဲ့ မင်းတစ်ယောက်ကို တန်ဘိုးမဲ့ရာကျတဲ့ င့ါအဖြစ်ကိုလည်း မင်းစာနာ နားလည်ပေးပါ .. ကိုယ့်အပေါ် ပြည့်စုံအောင် မင်းဘက်က အမှားကင်းစွာ စောင့်ရှောက်ခဲ့ ကူညီခဲ့တဲ့ စေတနာအပြည့်ကို ငါသေဆုံးသွားချိန်အထိ တန်ဘိုးထားမှာပါ ..အရာရာကို အမြဲချင့်ချိန်တွေးတဲ့ ငါတစ်ယောက်ဟာ ဒီတစ်ကြိမ်မှာ နှလုံးသားခံစားချက်ကို ရှေ့တန်းတင်မိလိုက်တာ င့ါကိုအပြစ်မြင်စွာနဲ့ စိတ်နာမယ်ဆို နာလိုက်ပါတော့ .. နှလုံးလှပိုင်ရှင် မင်းတစ်ယောက်ဟာ မင်းနဲ့မထိုက်တန်တဲ့ အကျဉ်းသားတစ်ယောက် င့ါကို လူ့လောကအမြင်ကျယ်ကြီးထဲမှာ လျှောက်လှမ်းနေချင်တာကို မင်းလွှတ်ပေးလိုက်လို့ ငါဒုက္ခရောက်မယ်ဆိုလည်း ရောက်ပါစေတော့ .. မင်းဟာ မိန်းမမြတ်တစ်ယောက်အဖြစ် ဖြစ်တည်နေတဲ့ ဒီသံသရာမှာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀လေးကို ဖြတ်သန်းရမှာပါ .. ငါလိုလူကတော့ လောကအလယ်မှာ ဘယ်ဝယ်ဘယ်စခန်းကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးတောနေရင်း .. ရင်ဘတ်ဟောင်းမှာ ငါကိုယ်တိုင်ထွင်းထားတဲ့ အနာကို ငါကိုယ်တိုင်ပဲ ကုစားရင်း အဝေးနေရာမှာ ဆွေးမနေပါနဲ့လို့ တောင်းဆုပြုရင်း ..ရက်စက်တတ်သူ င့ါအဖို့တော့ အချစ်ဆိုတာကို ခံစားလို့ထိနေဆဲပါ ..။


......................................................................................

သူများတွေဆိုတတ်တဲ့ ပါးပြင်ကသနပ်ခါးနဲ့
လှပတတ်တဲ့ မျက်နှာကိုတော့
တကယ့်လက်တွေ့ မမြင်ဖူးပါဘူး ..
ဒါပေမဲ့ ...အမွှေးနံ့သာ ဘာမှမလိမ်းကျံပဲနဲ့
လှနေတဲ့မျက်နှာနဲ့ ကိုယ်သင်းရနံ့လေးကို
ခံစားရမိတဲ့ အချိန်တဒင်္ဂကိုတော့
သီချင်းတစ်ပုဒ် ကဗျာတစ်ပိုဒ်နဲ့
စာဖွဲ့လို့ လုံလောက်လိမ့်မယ်လို့တော့
ကျွန်တော် မထင်မိဘူး .... /

............................................................

'မင်း'အိပ်ချင်တဲ့အခါ 'မင်း'ကို အိပ်ပျော်သွားစေချင်ပါတယ်..

အိပ်ပျော်သွားအောင်လည်း ကိုယ် 'မင်း' ကိုချော့သိပ်နေမှာပေါ့..

ဒါပေမဲ့, ' မင်း'အိပ်ပျော်သွားတဲ့အခါ ....

'မင်း'လှုပ်ရှားဟန်တွေ, စကားသံချိုတွေ ရပ်တန့်သွားတဲ့အခါ

ကိုယ် တစ်ယောက်ထဲ ကယောင်ချောက်ချား ဖြစ်ရတော့မယ်..

ကိုယ်တောင်းဆိုပါတယ်....'မင်း' အိပ်ပျော်သွားရင်တောင်

ယောင်ယမ်းပြီး ကိုယ့်ကို စကားတွေပြောနေပေးပါ...

.........................................

မျှော်နေရတာ မောနေပြီ ကောင်မလေး ...ရေ

တို့နှစ်ယောက်ရဲ့ဆုံနိုင်ခွင့်အတွက် အချိန်ဘယ်လောက်တောင်ယူရမှာလဲ..

မင်းလေးကို ကြည့်ခွင့်တောင် မရှိတော့ဘူးလား ...

ခံစားရတာတွေက ရင်နဲ့ မဆံတော့ဘူး ... ကြာလာရင် ...။

.............................................

တစ်ချို့စာအုပ်တွေမှာ ဖတ်ဖူးတယ်

ချစ်သူလက်ကို ကိုင်ထားတဲ့အချိန်က ကမ္ဘာတစ်ခြမ်းကို ပိုင်သလိုပဲတဲ့

ကိုယ်ရော ဘယ်တော့မှများ ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ခွင့်ရမှာလဲ...

မင်းရဲ့အနားမှာ အနီးဆုံးနေရမဲ့ မူပိုင်ခွင့်ကို ရဖို့အတွက် ကိုယ့်ရဲ့နာကျင်မှုတွေ...

ထိန်းချုပ်မှုတွေ... တိတ်တဆိတ်ကြေကွဲခဲ့ရတာတွေ ...ဘယ်လောက်တောင်ပေးဆပ်ခဲ့ရမှာလဲ

တွေ့ချင်နေတဲ့ အတ္တစိတ်က လွှမ်းမိုးနေမိတော့တယ်...

ဖြစ်နိုင်ရင် ခဏလောက်ဖြစ်ဖြစ်ပေါ့ ..... ( ပြန်ခဲ့ပါဦး )

..........................................................


ယုံကြည်ပါလို့ မတိုက်တွန်းပါဘူး

ဒါပေမဲ့ အခွင့်ရလို့ မင်း ရဲ့ဘေးနားမှာ နေခွင့်ရခဲ့ရင်

ကိုယ့်ရဲ့ အချစ်တွေကို အချိန်က သက်သေပြသွားမှာပါ...။
.......................................................

# ခံစားတတ်သူတိုင်း မလွမ်းပါဘူး ... လွမ်းတတ်တဲ့ငါသာ ခံစားနေရတာပါ
# ကောင်မလေး ...ရေ 'မင်း'နဲ့တွေ့ချင်လို့စောင့်နေရတဲ့ ငါ့အဖြစ်ဟာလေ
# ညတစ်ညကိုဖြည့်စွမ်းပေးတဲ့ ကြယ်စင်လိုပါပဲ အချိန်တန်လို့ပျောက်ကွယ်သွားပြီး
# နောက်တစ်ရက်မှာပေါ်လာဖို့အရေးကို မျှော်တွေးစောင့်နေမိပါတယ်

ကြိုက်နှစ်သက်မိသောကဗျာ များ

ကောင်းကင်ရှိုက်သံ

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...
ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...
ငါ့ကိုအပျောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့ကိုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရဲ့ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမှု" တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မှု" တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖြန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပြင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပျင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါ အမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပျောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
တရွဲရွဲ တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...။
...........................................

ပန်းသီးတစ် လုံးကျကွဲချင်း
ချစ်ခြင်းတွေကပဲ ကန်းစေခဲ့တာလား
မြတ်နိုးခြင်းတွေကပဲ ဆွံ့အစေခဲ့တာလား
ဘယ်ဘက်ရင်အုံတည့်တည့်က မြားချက်
ကြေကွဲခြင်းတွေ တစ်စက်စက်ကျမှ....

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..
မရေရာတဲ့ ဆုတောင်းခြင်း သက်သက်
နားလည်မူတွေကို ပက်ချင်နဲ့သောက်နေရတဲ့အဖြစ်...

လိပ်စာရှာနေတဲ့ မြားဦးမှာ...
အချစ်ကိုမင်းဝတ်တန်ဆာလို
ပိုင်ဆိုင်မူအတွက်
ရာမယဏက ဒဿဂီရိကို ပစ်တဲ့မြား
အာဃာတအငြိုးနဲ့
တာဝန်တစ်ခုအတွက်
သောနုတ္တရကမင်း ဆဒ္ဒန်ကိုပစ်တဲ့မြား
အပျင်းပြေကစားရင်း
အမြင်လေးတစ်ချက်မှားတဲ့အတွက်
ပဠိယက္ခက သုဝဏ္ဏသျှံကိုပစ်တဲ့မြား
ရယူပိုင်ဆိုင်လိုတဲ့
တက်မက်ခြင်းအတွက်
ဗြဟ္မဒတ်မင်းက စန္ဒကိန္ဒရီကိုပစ်တဲ့မြား .....
ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
တစ်စစပြိုကွဲလာတဲ့ အခန်းငယ်လေးထဲက
အက်ကြောင်းရာတွေရေတွက်ရင်း
သူမနဲ့ ကျနော် စီးချင်းမှာ
စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ဒါမှမဟုတ်....
သူမ မပစ်ခဲ့ပါဘူးလို့ ပြောနေမလား...
ကျနော့် ရင်ဝမှာတော့ မြားတန်းလန်းနဲ့လေ...။

.................................

အပျိုကြီးမမ

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီမို့

စိတ်တိုင်းကျ တွေ့မယ်မထင်။

မတန်မှ ရွေးလှချည်ရဲ့

ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့

ဖောက်စရာ မာန်ကိုယုံလို့

ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်

ခေါင်းသုံးလျှင် ရောင်းကုန်ပုပ်မှဖြင့်

(ခင်ရယ်) ကောင်းကောင်း မဟုတ်ချင်…။

ရမလို လိုတာမရတာနှင့်

မအပျို ကိုယ်မှာ သ,တော့မဟဲ့လို့

အိုကာမှ တန်ဆာဆင်

သြော်… ဇရာအသွင်ဟာမို့ မြင်သူမုန်း။

ဈေးမကွဲခင်

ကြေးနည်းတာ မမြော်မြင်နဲ့တော့

ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ

ကုန်ကောင်းဆို အမြန်မနှင်လို့

အမှန်ပင် ရက်ကြာလို့ နှေးတော့ကမ

လျှော့ဈေးလေလံဆိုင်၌

ဈေးမကိုင် အနိုင်ထုတ်ရတော့

ရေးမသာ ဆွေးကာစုတ်တယ်

အိုကွယ်… ကြေးယုတ်လို့ရှုံး။

မဟာဂီတ ဦးပြုံးချို ရဲ.ကဗျာလေးပါ
........................

သူ့အသွင်

မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်

လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်

ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့

ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...

ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့

အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား

ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို

ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...

နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..။

ရင်နင့်သူ ဧ။် ရင်ကွဲပက်လက် ကဗျာများ

"အမြန်ရောင်းမည်"
ရုန်းအားကောင်း
ခိုင်းကောင်း
ပုခုံးကောင်း
အနာအစာကင်း
မျိုးသန့်
တခါမှအမြီးမပေါက်သေး
လွန်စာရိုကျိုး
သင်ပေးလျှင်တတ်လွယ်
ရှိသမျှဝန်ထမ်းနိုင်သော
၂၈နှစ်ခန့်ရှိသော
ပိုင်ရှင်မဲ့
နသိုးကြီးတစ်ကောင်အမြန်ရောင်းမည်။
(ပွဲစားမလို)
ဦးသူရမည်။
၃၂-၂၄-၃၆ ဆိုဒ်ကြီးနှင့်လဲလှယ်လိုက လဲနိုင်သည်။
..................................

"ဘာလဲသိချင်တယ်"
ဘာမှမရှိတဲ့ လမ်းအထက်မှာ
ဘာမှပြန်ယူသွားလို့မရတာတော့ မဟုတ်ဘူးတဲ့
ဘာနဲ့ ဘာနဲ့ ပေါင်းရင် ဘာဖြစ်တယ်ဆိုလား
ဘာလုပ်ရမှန်းမသိလို့ ဘာမှ မလုပ်တဲ့သူတွေရော
ဘာလုပ်သင့်တာကို သိရဲ့သားနဲ့
ဘာတွေလျှောက်လုပ်နေမှန်းမသိတဲ့သူတွေရော
ဘာအတွက်လာမှန်း သိကြလို့လား ?

ဘာကြောင့်ပြန်ရမှန်းရော သိကြလို့လား ?
ဘာမှ မသိတာကောင်းမယ်
ဘာမှ မသိရင်တော့ မကောင်းဘူး။

ဘာလဲ ?
ဘာ ဘာ. ဘာ
ဘာမှန်းမသိတဲ့ မေးခွန်းတွေက
ဘာလို့ ပြန်မဖြေနိုင်တာလဲ
ဘာကိုစောင့်နေရမှာလဲ
ဘာဖြစ်လို့ ဘာမှ မသိရတာလဲ
ဘာမှ မသိချင်တော့ဘူး။

ဘာကိုစားမလဲ....
ဘာကိုဝတ်ပြီး
ဘာကားစီးရမလဲ....
ဘာလုပ်ရမလဲ
ဘာပြောရမလဲ…...

ဘာမြစ်ထဲမှာ ဘာသီးကြီးမျောလာတော့
ဘာဓါးကြီးနဲ့ ဘာလို့ ခွဲနေဦးမှာလဲ
ဘာမှမရှိမှာ သိနေတာပဲ ခင်ဗျားတို့ကလဲ
ဘာမှန်းကို မသိဘူး။
..................................

"အပါယ် (၅)ဘုံ....."
အရာရာ တိတ်ဆိတ်
ခြောက်သွေ့မှုန်မှိုင်း
ဟိုးအရင်
တစ်နေ့ (၃)ခါမြည်တဲ့ဖုန်း
အခုတော့ ဖုန်တွေတက်.....
ကမ္ဘာမခြားပါဘူး
တစ်မြို့ ထဲအတူနေပြီး
တစ်ခါမှ မတွေ့ရတဲ့ အဖြစ်.......

နောက်ဆုံးကြည့်ခဲ့ကြတဲ့
ရုပ်ရှင်တောင်
အကယ်ဒမီရသွားပြီ..... ။
ဝဋ်ရှိရင်လဲ ကြေပါစေတော့...။
ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ
အသူရကယ်ထက်ဆိုးတဲ့
"ချစ်သူစွန့်ပယ်ထားတဲ့ဘုံ" မှာ
တစ်စက္ကန့်တောင်
ဆက်မနေပါရစေနဲ့တော့ ...။
..................................

"အသိစိတ်ရဲ့ နောက်ဆုံးကြေးနန်း"
အနီးစပ်ဆုံး ရင်ဘတ်ကို
သတင်းပို့ပါတယ်॥
အားအထားရဆုံး
ယောက်ျားမာနကြီး
ကျဆုံးသွားပါပြီ...
စစ်ကူလာတဲ့
သိက္ခာထိန်းတပ်လဲ
သူ့အပြုံး စစ်ဆင်ရေးကြောင့်
တပ်ပျက်သွားပါတယ်...
တိုက်ပွဲအတွေ့အကြုံမရှိတဲ့
ရင်ခုန်သံတပ်သားတွေ
သူ့ဆီမှာ ရာသက်ပန်
သစ္စာခံဖို့ လုပ်နေကြတယ် ဆရာ....
အိပ်မက်မီဒီယာမှာလဲ
သူ့သတင်းတွေကိုပဲ အမြဲလွှင့်နေတယ်.....
ဆရာ ဒီစာကို ဖတ်နေတဲ့အချိန်ဆို
ကျွန်တော်
ကျရှုံးနေလောက်ပါပြီ။
..................................

"လွမ်းလို့မကုန်နိုင်ဘူး ဒီဇင်ဘာ"
သိပါရစေ ဒီဇင်ဘာ
အချစ်ကို
ဘယ်သူကစ တီထွင်တာ
ငါ... သိခဲ့ရင်
မချစ်မိအောင် စီစဉ်မှာ...
အခုတော့ လောင်ကျွမ်းခံရ
ဒီရင်မှာ.. မကြည်လင်ပါ...
ဟန်ဆောင်အပြုံးတွေလဲ မပီပြင်စွာ...
မျက်ရည်များခဲ့တော့ မရယ်ချင်ပါ...
ဘယ်သူရှိမလဲ..
ချစ်သူ့ရင်ခွင် မမှီချင်တာ...
အသည်းကွဲ အရသာကို
ငါလည်းပဲ feeling မလာ
နောက်ဆုံးတနေ့အထိ...
ငါ...
နင်ချည်တဲ့ကြိုးကို မဖြည်ချင်ပါ။
..................................

"ရန်သူမျိုးခြောက်ပါး"
ငါဟာ အဂတိ လိုက်စားသူပါ
"ချစ်သဖြင့် မျက်နှာလိုက်ခြင်း"ဆိုတဲ့
ဆန္ဒာကတိတွေနဲ့ မောပန်း

နင်ငါ့ကိုထားခဲ့တော့
ဒိဋ္ဌိနှစ်ပါး ပြုတ်သွားတယ်
"သက္ကာယဒိဋ္ဌိ" ဆိုတဲ့
ငါ့ကိုယ် ငါ့ဟာ ထင်မှုရယ်....
"သဿတဒိဋ္ဌိ" ဆိုတဲ့
ခိုင်တယ် မြဲတယ် ထင်မှုရယ်...

ကမ္ဘာပေါ်မှာ
အမိုက်မဲဆုံး လူနှစ်ဦးရှိတယ်
စူဠလိပ်ကို
ရေထဲလွှတ်တဲ့ အမတ်ရယ်..
နင့်ကိုချစ်မိတဲ့
ငါရယ်ပေါ့..
..................................

"နှလုံးသွေးနဲ့ ခြေဆေးပါချစ်သူ"
မင်းကိုသိပ်ချစ်တာ ကိုပါပဲ........
အတားဆီးဆို ဖြိုကာလှဲ.........
လိုရာတွဲ ငါမင်းအတွက်ဆို ဂျိုကာဖဲ..........

ဘ၀ဆိုတာ ဒီလိုပါပဲ............
အမုန်းဆိုတာ မချိုသာလဲ...........
ငါရခဲ့တယ် မလိုပါပဲ.........

ပြိုကာလဲ အိမ်မက်တွေ.........
မျက်ရည်နဲ့ စိုကာရွှဲ.........
အငိုသာကဲ မတွေးတက်ပါ.......
ဘယ်လိုပါလဲ????............
ကံတရားရယ် ညိုကာမွဲ......
ရှာမတွေ့ပါ အရိပ်ခိုစရာလဲ.........
အနာဂတ်ဆိုတာ ငါ့အတွက်တော့ အပိုပါပဲ..........
ကျေနပ်ပါ.....အရာရာဖြစ်စေရမယ်..........
သူ့သဘော သူ့ အလိုပါပဲ..........။

တိတ်တခိုး..ဘ၀..
အိပ်လို့ မရ..စိတ်တို့က..
သူ့ အနားမှပဲ..
ကံတရားရယ်..ခံစားဖွယ်..
မပြုစားပါနဲ့ ..
အချစ်ဆိုတာ..အပြစ်ဆိုစရာ..
ဘယ်သူ့ အမှားပါသလဲ..?
နေချင်တာ ထာဝရ..သူ့ အပါးမှာပဲ...။
ဘ၀အတွက်ဆို ငါ့ဘက်ကို..
ဂရုမထားပါနဲ့ ...
ဖွင်မပြောသာ..မသင့်သောအခါ..
အခုများမှာလဲ...
(ရင်ထဲမှာ)
အလွမ်းမီးတွေ..အရမ်းကြီးပါစေ..
စုထားမှာပဲ..
တဖက်သတ်အဖြစ်..
အသက်ထက်ချစ်မို့ ..
သူ့  ကို..Please ...
လုမသွားပါနဲ့ ...။
..................................

"နာတာရှည်လူငယ်ရောဂါ"
သူ့ကိုပဲ မြင်မြင်နေလို့
မျက်စိ ဆရာဝန်နဲ့ပြရမယ်..
ကြို.ကလည်း ခဏခဏထိုးတယ်..
စကားတွေ ဆို့နင့်နေလို့များလား..??

တစ်ရက်လောက်များ သူ့ကို
မတွေ့ရရင်...
အရူးတစ်ယောက်လို..
ဆောက်တည်ရာမဲ့ ဖြစ်နေမိတယ်..

တွေ့တော့လည်း
သောကြာသားကြီးကျွန်တော်
ခွေး "အ" ကြီးလှည်းနင်းနေရော....

ရင်ခုန်သံကို E.C.G ဆွဲမယ်..
အိပ်မက်တွေကို ဓါတ်မှန်ရိုက်မယ်...
နှလုံးသားကို ဖုန်းခေါ်လို့
အချစ်ကများ Hello! လို့ထူးရင်
ကျွန်တော် ဆေးမှီပါ့မလား.....????
..................................

"စိတ်...ဦးတည့်ရာ"
"တော်သေးတာပေါ့နော်..
အိပ်မက်ထဲ ဧည့်စရင်းမစစ်လို့....
နောက်မို့ဆို ထောင်ထဲက
ထွက်ရမှာတောင် မဟုတ်ဘူး..."

"သတိရတိုင်း Bill ဆောင်ရရင်...
ဆယ်သက်ကျွန်ခံ ဆပ်တောင်..
မကြေနိုင်ဘူး...."

"မြင်တွေ့လိုမှု တစ်ခုအတွက်...
တွေ့ကရာခေါင်စဉ်တပ်...
မုသားတွေ ဆိုနေရလို့...
ငရဲကလဲ မကျွတ်နိုင်လောက်ဘူး...."

"ဟိုနေ့ကမှ သိလိုက်ရတယ်....
စိတ်နာတယ်ဆိုတာ...
တစ်ကယ်မချစ်လို့နေမှာပါ...."
..................................

"လွမ်း"
ကိုယ်ရွေးခဲ့တဲ့လမ်းတော့ ဟုတ်တယ်
ဘာက ၀မ်းနည်းစရာကောင်းမှန်းမသိဘူး။
ရိုးသားခြင်း၊ ကြိုးစားခြင်း၊ ပညာရေး၊ လူမှုရေးတွေကြား
ငါ့အလွမ်းတွေကတော့ အရောင်ဖျော့တော့တော့ရယ်။
ပျောက်ပျက်သွားတာမဟုတ်တော့လည်း အခတ်သားရယ်။
ကော်ဖီတွေတောင် ခါးခါးလာလို့ မင်းအပြုံးတွေဖက်ပြီး မျိုမျိုချနေရတယ်။
သာလိကာ လို့ အစခံရတဲ့ငါ ခုတော့ .. အာစေးမိနေပြီလေ။
အသက်သာကြီးတယ်
အချစ်ခေါင်းစဉ်နဲ့ သင်ခန်းစာသင်မယ့်နေတွေဆို ကျောင်းပျက်တတ်တဲ့ငါလေ။
ကျန်တာတွေထက်
ပြုံးလိုက်ရင် ဒေါင့်ချိုးကွေးတဲ့ နင့်နှုတ်ခမ်းပါးပါးလေးကိုတော့ သတိရခွင့်ပြုပါ။
..................................


"ဘုရားသခင်"
ဘုရားသခင်
ချစ်ရသူရဲ. စိမ်းကား ရက်စက်ခြင်းတွေအတွက်
ခံနိုင်ရည်ရှိမယ့် နှလုံးသားတစ်ခုပေးသနားတော်မူပါ

ပတ်ဝန်းကျင်က
သူ့မကောင်းကြောင်း ပြောတဲ့အခါ
အကြားအာရုံ ရုတ်သိမ်းတော်မူပါ

မျက်စိရှေ.မှောက် နောက်တစ်ယောက်နဲ့
တွဲသောအခါ အမြင်အာရုံ ရုတ်သိမ်းတော်မူပါ

ဘုရားသခင်
မကြားဟန်ပြု.
မမြင်ဟန်ဆောင်
အရာရာ ချစ်ခြင်းနဲ့ခွင့်လွှတ်ခဲ့သော
ငမိုက်သား ၀ိဥာည်အား
ယခုပင် ချုပ်ငြိမ်းတော်မူပါတော့
ချစ်တတ်တဲ့ နှလုံးသားကိုပါ
နောက်ဘ၀ထိ မပါအောင်
နှုတ်သိမ်းတော်မူပါ ဘုရားသခင်....
..................................

"လက်လွှတ်မခံသင့်တဲ့အခွင့်အရေး"
မသိဘူးလား??
ဒီကချစ်နေတာ.....

မရှိဘူးလား??
မင်းမှာ နှလုံးသား.....

ဘယ်သွားနေတာလဲ??
မင်းနားလည်မှုတွေ.....
ကျေးဇူးပြုပြီး "အိပ်ချင်ယောင်ဆောင်မနေပါနဲ့"

ငါ့မှာတော့ အချိန်ရှိတိုင်းစိုးရိမ်မိပါရဲ.
ပြာပြာမြင်တိုင်း ရေထင်လိုက်မှာ....
ဝါ၀ါမြင်တိုင်း ရွှေထင်လိုက်မှာ.....

ဒီမှာ ဒီမှာ
ပင်လယ်မှာ ခရု တွေပေါသလို
အချစ်မှာလည်း အတု တွေပေါတယ်

မင်းအတွက်ငါ....
ဓူဝံကြယ် ခူးမပေးနိုင်ပေမယ်....
နင်ကြိုက်တဲ့ မာလကာ သီးတော့ခူးပေးနိုင်ပါတယ်.....

ကဲ ဆုံးဖြတ်ပါ......
"ရှာမကျွေးဘူး.....မူးရင်ရိုက်မယ်"
ယူမှာလား??

ဆရာ တက်တိုး ပြုစုပြန်ဆိုသော သူတို့အတွေးအခေါ်မှတ်စုများမှ ..

ခြေရာများ

လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက

တွေးခေါ်သမျှ မခိုင်လှ

ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း

ငြိမ်သက်ခြင်းရဲ့ အတွေးမှချီ လက်တွေ့ဘ၀ဆီ

* Inicio
* Sobre
* Blogger
* Google
* Soporte

သူတို့အတွေးအခေါ် မှတ်စုများ (၅)

ခြေရာများ

လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက

တွေးခေါ်သမျှ မခိုင်လှ

ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း

ပုံစံနှစ်မျိုး

လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်

ယူသာယူပါ

မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)

ရွှေနှင့်ငါး

အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး

မဟုတ်တာတွေ

လူတွေ ခပ်များများမှာ ဖြစ်နေတာက သူတို့ရဲ့ မသိနားမလည်တာထက်
မဟုတ်တာတွေ အများကြီးကို သိတာက ခက်တာပဲ ။
အမေရိကန် ဟာသဆရာ ဂျော့ရှ်ဘစ်လင်း

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးသလဲ

မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။ သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်
ဖြစ်သည်။
အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။ သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။ ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)

သင်လိုချင်တာ

သင်လိုချင်တာကို မရဘူးဆိုလျှင် သင်တစ်ကယ်တမ်း မလိုချင်၍လည်း ဖြစ်နိုင်သည်။
ဈေးဆစ်ဖို့ ကြိုးစားခဲ့၍လည်း ဖြစ်နိုင်သည်။
ဗြိတိသျှ စာရေးဆရာကြီး ရုဒ်ယတ်ဒ်ကစ်ပလင်း

သင်ပေးပါ

လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်နေ့တည်းမှာ စားပစ်လိမ့်မယ်။
လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးရင် တစ်သက်လုံး စားရလိမ့်မယ်။
တရုတ်စကားပုံ

မ, သဘာဝ

ယောက်ျားတို့အဖို့ မ, သဘာဝသည် ခေတ်သစ် ပန်းချီနှင့် တူ၏။
သူတို့ ဘာကို ကြိုက်သည်၊ ဘာကို မကြိုက်သည် ဟူ၍ သိကြသည်။
သို့သော် နားလည်ဖို့ အလွန်ခက်သည်။ မိန်းမသည် ယောက်ျားအား
စိတ်လှုပ်ရှားစေသည်။ တိုးတက်မှုအတွက် အားမာန်တက်စေသည်။
နှစ်သိမ့်မှုကိုလည်း ပေးသည်။ မိန်းမသည် ယောက်ျား၏ ဘ၀အတွင်းသို့
အလှ၊ စည်းကမ်း၊ အဓိပ္ပါယ်၊ ရည်ရွယ်ချက်တို့ကို ယူလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဂုဏ်၊ မာနတို့ဖြင့် ယောက်ျားကို စိတ်အနှောက်အယှက်
ပေးသည်။ သူ့ ထူးဆန်းသော ကြောင်းကျိုးပြမှုဖြင့် နဝေတိမ်တောင်
ဖြစ်စေသည်။ ချက်ချင်း စိတ်ပြောင်းလဲမှုများ၊ အပြုအမူ ပြောင်းလဲမှုများဖြင့်
ဒေါသဖြစ်စေသည်။
ဆောင်းပါးရှင် ဂျွန်-ကော့ဒ်-လက်ဂမန်း
အားနည်းချက်

အားနည်းချက်ကို ညွှန်းသော အကြောင်းနှစ်ရပ်ရှိသည်။ ပြောဆိုသင့်သည့်
အချိန်အခါ၌ ဆိတ်ဆိတ်နေခြင်းနှင့် ဆိတ်ဆိတ်နေသင့်သည့် အချိန်အခါတွင်
ပြောဆိုခြင်းပင် ဖြစ်သည်။
ပါးရှားလူမျိုးတို့၏ စကားပုံ

မိန်းမတွေရဲ့ ပြောစကားတွေ

မိန်းမတွေ ပြောတဲ့စကားဟာ ကြွေထည်ပစ္စည်းတွေ ထုပ်ပိုးတဲ့ အခါ
ညှပ်သိပ်ပေးတဲ့ ကောက်ရိုးခြောက်နဲ့ တူတယ်။ အဲဒီကောက်ရိုးခြောက်ဟာ
ဘာမျှတန်ဘိုး မရှိပါ။ ဒါပေမယ့် မဟုတ်သေးဘူး။ အဲဒါမှ မရှိရင် အားလုံးကွဲကုန်ကြလိမ့်မယ်။
ရေးသူ မသိ

စိတ်မဆိုးပါနဲ့

သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။
ဂျာမန်ဘုန်းတော်ကြီး စာရေးဆရာ

နားနှစ်ဘက် လျှာတစ်ခု

ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။
ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ်

ယောက်ျားတွေကြားမှာ ရှားပါးသည်

ကိုယ်တိုင်လုပ်ချင်တာလုပ်ပြီး သူများတွေကို ကိုယ်လုပ်တဲ့ အတိုင်းကိုပဲ
သူတို့လုပ်ချင်တာလုပ်တယ်လို့ ထင်အောင် စည်းရုံးဆွဲဆောင်နိုင်တဲ့ သတ္တိဟာ
ယောက်ျားတွေကြားမှာ ရှားပါတယ်။ မိန်းမတွေကြားမှာတော့ ဒီသတ္တိဟာ
မျက်ခုံးမွှေးဆွဲသလိုပဲ ရိုးနေပါပြီ။
သောမတ်စ်-ဗေးလီ-အောလ်ဒရစ်ခ်ျ

ငွေ ၊ ရာထူး ၊ ဂုဏ်

နှစ်ပေါင်းများစွာ လွန်သောကာလ၌ ( ဗြိတိသျှ စာရေးဆရာကြီး ) ရုဒ်ယတ်ဒ် ၊
ကစ်ပလင်းန်သည် ကနေဒါနိုင်ငံ မွန်ထရီ မြို့ရှိ မဂ္ဂစ်လ်တက္ကသိုလ်၌ မိန့်ခွန်း
ပေးခဲ့ဖူးသည်။ ဆရာကြီး ပြောသွားသော စကားတစ်ရပ်ကို အမြဲသတိရနေ
ထိုက်ပေသည်။ သူက ကျောင်းသူ ကျောင်းသားတို့အား ငွေ ၊ ရာထူး ၊ ဌာနန္တရ ၊
ဂုဏ်ဒြပ်တို့နှင့် ပတ်သက်၍ အလွန်အကျွံ အာရုံမပြုသင့်ကြောင်း သတိပေး
စကား ပြောကြားလေသည်။ “တစ်နေ့မှာ မင်းတို့ အဲဒါတွေကို ဂရုမစိုက်တဲ့
လူတစ်ယောက်ကို တွေ့လိမ့်မယ်။ အဲဒီ အခါမှာ မင်းတို့ဟာ ဘယ်လောက်
ဆင်းရဲကြတယ်ဆိုတာ သိကြလိမ့်မယ်”
ဟဲလ်ဖို့ဒ်လတ်ကော့

ကြမ်းပိုး နှင့် ခြင်

ကြမ်းပိုးများ သင့်သွေးကို စုပ်သည် မှန်သော်လည်း သူတို့သည် စကားတစ်လုံးမျှ
မဆိုဘဲ သင့်ကို ကိုက်ကြသည်။ ယင်းသို့ ပြုခြင်းသည် ဖြောင့်မတ်၍ ပွင့်လင်းသည်။
ခြင်တို့သည်ကား ကွဲပြားခြားနားသည်။ မှန်ပါသည်။ သူတို့လူ့အသားကို ဖေါက်ထွင်း
နည်းသည် အတော်ပင် ကျနသေချာပါ၏ ။ သို့သော် မကိုက်ခင် မိန့်ခွန်းရှည်ကြီးသည်
အကိုက်ခံရသူတို့အဖို့ စိတ်ဆိုးစရာဖြစ်သည်။ သူတို့က သူတို့သည် လူ့သွေးကို
သောက်သုံးခြင်းသည် မှန်ကန်သော အမှုဖြစ်သည်ဟူ၍ အကြောင်းဖေါ်ပြချက်အားလုံး
ဖေါ်ထုတ် ရှင်းပြနေသည်ဆိုပါမူ ထိုသို့ ပြုခြင်းသည်ပင်လျှင် ပို၍စိတ်တိုဖွယ်ဖြစ်သည်။
ကျွန်ုပ်သည် သူတို့၏ ဘာသာစကားကို မသိ မတတ်သဖြင့် ၀မ်းမြောက်ပါသည်။
လူဆွန်း ( တရုတ်စာရေးဆရာကြီး )

ထိကြည့်ပါ

“မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
ဟု အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်းက လက်သင်စ စာရေးဆရာလေး
တစ်ယောက်ကို တစ်ခါက ပြောဖူးသည်။
ဂျွန် ကောဒ် လက်ဂမန်း
(အမေရိကန် စာပဒေသာမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ၊ ၁၉၆၄)

အချစ်

ယောက်ျား၏ အချစ်သည် သူ့ဘ၀နှင့် မသက်ဆိုင်သော သီးခြားအရာဖြစ်သည်။
မိန်းမအချစ်သည်ကား သူ့ဘ၀ တစ်ခုလုံးပင် ဖြစ်၏ ။
အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်

မိန်းမ

ကောင်းသောမိန်းမသည် ယောက်ျားတစ်ယောက်ကို ဥာဏ်ကွန့်မြူးစေသည်။
ထက်မြက်သော မိန်းမသည် ထိုယောက်ျားကို စိတ်ဝင်စားစေသည်။
လှပသော မိန်းမသည် ထိုယောက်ျားကို မက်မောစေသည်။ စာနာစိတ်
ထားရှိသော မိန်းမကမူ ထိုယောက်ျားကို ရလေသည်။
ဟဲလင်းရောင်းလန်းဒ်

(၁) လွတ်လပ်မှုနှစ်မျိုး

လွတ်လပ်မှုနှစ်မျိုး ရှိသည်။ မှားသော လွတ်လပ်မှုမှာမူ
လူတစ်ယောက်သည် သူလုပ်ချင်ရာ လုပ်ဖို့ လွတ်လပ်သည်။
မှန်သော လွတ်လပ်မှုမှာမူ လူတစ်ယောက်သည် သူလုပ်သင့်ရာကို
လုပ်ဖို့ လွတ်လပ်သည်။
ဗြိတိသျှ ၀တ္ထုရေးဆရာကြီး ချားလ်စ်-ကင်းစလီ

(၂) ယောက်ျားများ ၊ မိန်းမများနှင့် အချစ်

ယောက်ျားတို့သည် မိန်းမတစ်ဦး၏ အချစ်ဦး ဖြစ်လိုကျသည်။
ယင်းသည် သူတို့၏ မသပ်ရပ်သော မာနပင် ဖြစ်သည်။
မိန်းမတို၌မူ အရာရာ၌ ပိုမိုသိမ်မွေ့သော ပင်ရင်းစိတ်ရှိ၏ ။
သူတို့သည် ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။
အော်စကာဝိုင်းလ်ဒ်ရေးသော“အရေးမပါ အရာမရောက်
သော မိန်းမတစ်ဦး” ပြဇာတ်မှ

(၃) အကောင်းမြင်နှင့် အဆိုးမြင်

အကောင်းမြင်သမားရော ၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို
အကျိုးပြုကြ၏ ။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။
အဆိုးမြင်သမားက လေထီးကို တီထွင်သည်။
ဂစ်လ်-စာတန်း
(ဂစ်စာတန်းသည် မျက်မှောက်ခေတ် စာရေးဆရာ တစ်ဦးဖြစ်သည်။
အကောင်းမြင်သမားအဖြစ် လေယာဉ်ကို တီထွင်ပြီးလျှင် လူတို့၏
သွားလာရေး၊ သယ်ယူပို့ဆောင်ရေးကို ဖြစ်ထွန်းစေသည်ဆိုလျှင်
အပျက်မြင်သမားကလည်း မတောတဆ လေယာဉ်ပျက်ကျသော်
မသေကြေ မပျက်စီးနိုင်ရန် ကြိုတင် ပူပန်သည့်အလျောက် လေထီးကို
တီထွင်ပေးလိုက်သည်။ ဆိုလိုသည်မှာ အဖြစ်ကိုချည်း စဉ်းစား၍
လုပ်ဆောင်နေရုံဖြင့် မပြီးသေး။ အပျက်ကိုလည်း ထည့်သွင်းစဉ်းစား၍
လိုအပ်သော ကြိုတင်ကာကွယ်မှုတို့ကို ပြုနိုင်ရန် စီစဉ်ထားရမည်ဟူ၏)

(၄) ရောင့်ရဲခြင်း

ကျွန်ုပ်တို့မှာ ရှိသမျှနှင့် ရောင့်ရဲခြင်းသည် မှန်ကန်၏ ။
ဖြစ်သမျှဖြင့် ရောင့်ရဲခြင်းသည် ဘယ်သောအခါမျှ မမှန်ကန်ချေ ။
အင်္ဂလိပ်ပညာရှိ ဆာ၊ ဂျိမ်းစ်မက္ကင်းတော့

(၅) မိန်းမတွေ

ကျုပ်ခြေတစ်ဖက် သင်္ချိုင်းထဲ ရောက်တဲ့အခါ မိန်းမတွေအကြောင်းကို
ကျုပ်ပြောပြမယ်။ ပြောပြီး ကျုပ်ရဲ့ခေါင်းထဲကို ခုန်ချလိုက်ပြီး အဖုံးကို
ဆွဲဖုံးလိုက်မယ်။ ပြီးတော့ ကျုပ်က ဆိုမယ်။“ကဲ.... မင်းတို့ ငါ့ကို
ကြိုက်သလို လုပ်ပေတော့လို့”
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း

(၆) အရွယ်တင် တကယ်အို

လူတွေက အရွယ်တင်တယ် ပြောတဲ့အခါမှာ အိုပြီလို့ ပြောကြတာပါပဲ။
ရုပ်ရှင်မင်းသားကြီး ကေရီဂရန့်

ကဗျာ ...................

ကဗျာတစ်ပုဒ် အသက်ဝင်စေချင်ရင်
စိတ်ကိုအဲဒီကဗျာထဲမှာထားပြီး
လွတ်လွတ်လပ်လပ် ဖန်တည်းမှရတတ်တယ်..
ဘယ်သူနဲ့ တူမှာကြောက်လို့
ဘယ်စကားလုံး တူမှာကြောက်လို့
ဘယ်သူ သုံးထားပြီးသား ဖြစ်မှာကြောက်လို့
အဲလိုကြောက်စိတ်တွေဝင်နေရင် ကိုယ်ဖန်တည်းချင်တာ
ဘယ်တော့မှထွက်မလာတော့ဘူး..
အဓိက က ကိုယ်တမင် ကူးမသုံးမိစေဖို့ပဲ
တူတာတော့ တစ်ခုမဟုတ်တစ်ခုတူနေမှာပဲ
ဘာလို့လဲဆိုတော့ ဒီစကားလုံးတွေ အကုန်လုံးက ရှိနေပြီးသားလေ..
ဘယ်သူမှ ထပ်ထွင်ထားတာမဟုတ်ဘူး
ကိုယ်ရပ်ကြည့်တဲ့ထောင့်နဲ့ သူရပ်ကြည့်တဲ့ထောင့်
မျဉ်းတဖြောင့်ထဲကျနေရင်
စကားလုံးတွေရဲ့ ဒီဂရီကတူနေနိုင်တာပဲ...
ဘယ်ပညာမဆို အတွေ့အကြုံ ရင့်ကျက်လာရင်
အတတ်ပညာက အလေ့အကျင့်တစ်ခုလို
စတိုင်လှလှဝတ်ပြီး အကွက်ကျကျ ဖြူစင်မှုတွေကို ဖျက်စီးပြစ်တတ်တယ် ..
အဲဒီအခါမှာ ရိုးသားတဲ့ ဖြူဖြူစင်စင် ကဗျာဖြစ်မလာတော့ဘူး..
ချပ်ဝတ်တန်ဆာတွေနဲ့ ကဗျာကလေးလံသွားတတ်တယ်..
ခန့်ခန့်ညားညားနဲ့ ကြည့်လို့တော့ သိပ်ကောင်းပေမဲ့
ကဗျာက သူ့မှာပိနေတဲ့ဝန်တွေနဲ့ မလှုပ်နိုင်တော့ဘူး..
အဲဒါ ကဗျာ အိပ်သွားတာ..
အိပ်ပျော်နေမှတော့ ဘယ်လောက်နှစ်သက်တဲ့
အစားအစာဖြစ်ဖြစ် ဘယ်လိုစားဖြစ်တော့မလဲ...