မောင်းပြန်ကျည်ဆန်ကြားမှာ ..........
ဒေါင်းအလံဟာ လွင့်ပြန်.ဆဲပါ။

Monday, March 15, 2010

ချစ်ခြင်းဧ။်တန်ဖိုး .................

အခုတလော ဖြစ်ပျက် သိမြင်ကြားတာတွေကို ကြုံနေရရင်း အတွေးလေးတွေ ၀င်လာလို့ချရေးလိုက်တာပါ ..။ အချစ်ကို ခံစားတတ်သူ လူသားတွေအဖို့ပေါ့ ၊တန်ဘိုးထားတာနဲ့ ပတ်သက်ပြီး ကနဦး ပြောပါရစေ ၊ဘာသာဘာဝ မတူညီတဲ့ ယောက်ျားလေး မိန်းကလေးတွေ ချစ်တာနဲ့ ပတ်သက်ပြီး တန်ဘိုးထားမှုဆိုတာ စာဖတ်သူတွေ ဘယ်လိုမြင်လဲ ..။ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေကြောင့် အချစ်ကို ခံယူထားတာတွေ မတူဘူးဆိုတာရောမှန်လား၊ (ကျွန်တော့်အထင်တော့အနည်းငယ်သက်ဆိုင်မယ်လို့ထင်မိတယ်) မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က စချစ်လို့ ကြိုးစားနေပြီဆိုပါတော့၊ ကြိုးစားရင်း လွယ်ကူစွာနဲ့ အချိန်တိုတွင်းမှာ ဖြစ်ဖြစ် တစ်ခဏအတွင်းမှာဖြစ်ဖြစ် မိန်းကလေးက ထိုယောက်ျားလေးကို အဖြေပေးလိုက်တယ် ..နောက် လက်တွဲကြတယ်ပေါ့ ..အဲလို လွယ်ကူစွာနဲ့ ရတဲ့ အဖြေနဲ့ပတ်သက်ပြီး မိန်းကလေးတစ်ယောက်အပေါ်တန်ဘိုးထားမှု မထားမှုဆိုတာ ခံယူထားတဲ့ ပုဂ္ဂိုလ်အပေါ်မှာပဲ မူတည်သလို နှစ်ဦးစလုံးနဲ့လည်း သက်ဆိုင်မယ်လို့ တွေးမိပါတယ် ၊ လွယ်ကူစွာနဲ့ ပေးမိလို့ င့ါကိုတန်ဘိုးမထားတာနေမှာ ဆိုပြီး တစ်ချို့မိန်းကလေးတွေ တွေးကြ ပြောနေကြတာတွေ တွေ့ဖူးတယ် .. လူဆိုတာ လူချင်းတူပေမယ့် စိတ်ချင်းမှ မတူကျတာ ..။ မိန်းကလေးတစ်ယောက်အချစ်ကို လွယ်ကူစွာရပြီး တန်ဘိုးထားတတ်တဲ့ ယောက်ျားတွေ အများကြီးရှိသလို လွယ်ကူစွာ မရတဲ့အချစ်ကို တန်ဘိုးမထားတဲ့ယောက်ျားတွေလဲ အများကြီးပါ ..။ အဓိကတော့ တန်ဘိုးထားခြင်း မထားခြင်းမှာ နှစ်ဦးစလုံးနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်ပြောချင်တာပါ ဘာသာရေးအရပြောရင်လည်း ထိုနည်းလည်းကောင်းပဲ ..။ ရေစက်ဆုံ ဖူးစာပါမှလည်း ဆုံးဆည်းခြင်းကို အခြေပြုလို့ အိမ်ထောင်တစ်ခု ဖြစ်လာတာပါ ..။ နောက် ပင်ကိုယ်ဗီဇလည်း ပါမယ် ..။..။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စချစ်တယ်ဆိုပါစို့ ...။ အစကတော့ ကိုယ့်စိတ်ထဲ ဒီကောင်မလေးကို တစ်ကယ်ချစ်တာ ကြိုက်တာ ဆိုပြီး ကြိုးစားတယ် ..။နောက် အဆင်ပြေသွားကြတယ်ပေါ့ ..။ အဲလိုနဲ့ချစ်သူတွေဖြစ်တဲ့ အခါမှာတစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ်ဆိုပါတော့ ၊ အဲလို အနေအထားမျိုးမှာ အားနည်းချက်တွေ တွေ့လာတာတွေလည်း ဖြစ်နိုင်သလို စိတ်အသိကိုက နောက်တစ်ယောက် ဒါမှ မဟုတ် အရင်ထားခဲ့ဖူးတာတွေကို အမှတ်မထင်သတိရတတ်တာတွေ စွဲလန်းတာတွေ စသည်ဖြင့် ဖြစ်လာတာရယ်ကြောင့် လက်ရှိကိုယ့်ချစ်သူကို ဖြတ်ပစ်ကြတတ်ပါတယ် ..။ ဒါဟာ ဆိုးရွားချက်တစ်ခုလို့ အပြင်ပန်း သုံးသပ်လို့ ရပါတယ် ..။ တစ်ကယ်တမ်းတော့ အချစ်ဆိုတာ လူတိုင်းမဟုတ်တောင် တော်တော်များ ကြုံတွေ့ခံစားနေရသူတွေမို့ ဖြစ်ပျက်တတ်တဲ့ သဘောတရားလေးကို နားလည်သင့်ပါတယ် ..။အချစ်ဆိုတာ ချစ်ပါ .. ချစ်နိုင်လေကောင်းလေပဲ..။ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ခဲယဉ်းတာ သူများကို ချစ်နိုင်တာ ကောင်းခြင်းတစ်ခုပေါ့ ..ချစ်တာခြင်းတွေတော့ မတူဘူးပေါ့လေ .. တန်ဘိုးထားတာနဲ့ ပတ်သတ်လို့ အဓိကတော့တန်ဘိုးထားတာ မထားတာနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးနဲ့ သက်ဆိုင်သလို ယောက်ျားလေးတစ်ယောက် ခံယူထားတဲ့ စိတ်သဘောထားလေးတွေနဲ့လည်း အများကြီး အကျုံးဝင်ပါတယ်.။(ကျွန်တော့်အမြင်လေးတွေကို ).. စာဖတ်သူများ နားလည် ခံစားနိုင်ပါစေ ..။

No comments:

Post a Comment