ခြေရာများ
လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက
တွေးခေါ်သမျှ မခိုင်လှ
ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း
ငြိမ်သက်ခြင်းရဲ့ အတွေးမှချီ လက်တွေ့ဘ၀ဆီ
* Inicio
* Sobre
* Blogger
* Google
* Soporte
သူတို့အတွေးအခေါ် မှတ်စုများ (၅)
ခြေရာများ
လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက
တွေးခေါ်သမျှ မခိုင်လှ
ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း
ပုံစံနှစ်မျိုး
လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်
ယူသာယူပါ
မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)
ရွှေနှင့်ငါး
အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး
မဟုတ်တာတွေ
လူတွေ ခပ်များများမှာ ဖြစ်နေတာက သူတို့ရဲ့ မသိနားမလည်တာထက်
မဟုတ်တာတွေ အများကြီးကို သိတာက ခက်တာပဲ ။
အမေရိကန် ဟာသဆရာ ဂျော့ရှ်ဘစ်လင်း
ဘယ်သူ့အတွက် ခေါင်းလောင်းထိုးသလဲ
မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။ သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်
ဖြစ်သည်။
အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။ သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။ ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)
သင်လိုချင်တာ
သင်လိုချင်တာကို မရဘူးဆိုလျှင် သင်တစ်ကယ်တမ်း မလိုချင်၍လည်း ဖြစ်နိုင်သည်။
ဈေးဆစ်ဖို့ ကြိုးစားခဲ့၍လည်း ဖြစ်နိုင်သည်။
ဗြိတိသျှ စာရေးဆရာကြီး ရုဒ်ယတ်ဒ်ကစ်ပလင်း
သင်ပေးပါ
လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်နေ့တည်းမှာ စားပစ်လိမ့်မယ်။
လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးရင် တစ်သက်လုံး စားရလိမ့်မယ်။
တရုတ်စကားပုံ
မ, သဘာဝ
ယောက်ျားတို့အဖို့ မ, သဘာဝသည် ခေတ်သစ် ပန်းချီနှင့် တူ၏။
သူတို့ ဘာကို ကြိုက်သည်၊ ဘာကို မကြိုက်သည် ဟူ၍ သိကြသည်။
သို့သော် နားလည်ဖို့ အလွန်ခက်သည်။ မိန်းမသည် ယောက်ျားအား
စိတ်လှုပ်ရှားစေသည်။ တိုးတက်မှုအတွက် အားမာန်တက်စေသည်။
နှစ်သိမ့်မှုကိုလည်း ပေးသည်။ မိန်းမသည် ယောက်ျား၏ ဘ၀အတွင်းသို့
အလှ၊ စည်းကမ်း၊ အဓိပ္ပါယ်၊ ရည်ရွယ်ချက်တို့ကို ယူလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဂုဏ်၊ မာနတို့ဖြင့် ယောက်ျားကို စိတ်အနှောက်အယှက်
ပေးသည်။ သူ့ ထူးဆန်းသော ကြောင်းကျိုးပြမှုဖြင့် နဝေတိမ်တောင်
ဖြစ်စေသည်။ ချက်ချင်း စိတ်ပြောင်းလဲမှုများ၊ အပြုအမူ ပြောင်းလဲမှုများဖြင့်
ဒေါသဖြစ်စေသည်။
ဆောင်းပါးရှင် ဂျွန်-ကော့ဒ်-လက်ဂမန်း
အားနည်းချက်
အားနည်းချက်ကို ညွှန်းသော အကြောင်းနှစ်ရပ်ရှိသည်။ ပြောဆိုသင့်သည့်
အချိန်အခါ၌ ဆိတ်ဆိတ်နေခြင်းနှင့် ဆိတ်ဆိတ်နေသင့်သည့် အချိန်အခါတွင်
ပြောဆိုခြင်းပင် ဖြစ်သည်။
ပါးရှားလူမျိုးတို့၏ စကားပုံ
မိန်းမတွေရဲ့ ပြောစကားတွေ
မိန်းမတွေ ပြောတဲ့စကားဟာ ကြွေထည်ပစ္စည်းတွေ ထုပ်ပိုးတဲ့ အခါ
ညှပ်သိပ်ပေးတဲ့ ကောက်ရိုးခြောက်နဲ့ တူတယ်။ အဲဒီကောက်ရိုးခြောက်ဟာ
ဘာမျှတန်ဘိုး မရှိပါ။ ဒါပေမယ့် မဟုတ်သေးဘူး။ အဲဒါမှ မရှိရင် အားလုံးကွဲကုန်ကြလိမ့်မယ်။
ရေးသူ မသိ
စိတ်မဆိုးပါနဲ့
သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။
ဂျာမန်ဘုန်းတော်ကြီး စာရေးဆရာ
နားနှစ်ဘက် လျှာတစ်ခု
ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။
ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ်
ယောက်ျားတွေကြားမှာ ရှားပါးသည်
ကိုယ်တိုင်လုပ်ချင်တာလုပ်ပြီး သူများတွေကို ကိုယ်လုပ်တဲ့ အတိုင်းကိုပဲ
သူတို့လုပ်ချင်တာလုပ်တယ်လို့ ထင်အောင် စည်းရုံးဆွဲဆောင်နိုင်တဲ့ သတ္တိဟာ
ယောက်ျားတွေကြားမှာ ရှားပါတယ်။ မိန်းမတွေကြားမှာတော့ ဒီသတ္တိဟာ
မျက်ခုံးမွှေးဆွဲသလိုပဲ ရိုးနေပါပြီ။
သောမတ်စ်-ဗေးလီ-အောလ်ဒရစ်ခ်ျ
ငွေ ၊ ရာထူး ၊ ဂုဏ်
နှစ်ပေါင်းများစွာ လွန်သောကာလ၌ ( ဗြိတိသျှ စာရေးဆရာကြီး ) ရုဒ်ယတ်ဒ် ၊
ကစ်ပလင်းန်သည် ကနေဒါနိုင်ငံ မွန်ထရီ မြို့ရှိ မဂ္ဂစ်လ်တက္ကသိုလ်၌ မိန့်ခွန်း
ပေးခဲ့ဖူးသည်။ ဆရာကြီး ပြောသွားသော စကားတစ်ရပ်ကို အမြဲသတိရနေ
ထိုက်ပေသည်။ သူက ကျောင်းသူ ကျောင်းသားတို့အား ငွေ ၊ ရာထူး ၊ ဌာနန္တရ ၊
ဂုဏ်ဒြပ်တို့နှင့် ပတ်သက်၍ အလွန်အကျွံ အာရုံမပြုသင့်ကြောင်း သတိပေး
စကား ပြောကြားလေသည်။ “တစ်နေ့မှာ မင်းတို့ အဲဒါတွေကို ဂရုမစိုက်တဲ့
လူတစ်ယောက်ကို တွေ့လိမ့်မယ်။ အဲဒီ အခါမှာ မင်းတို့ဟာ ဘယ်လောက်
ဆင်းရဲကြတယ်ဆိုတာ သိကြလိမ့်မယ်”
ဟဲလ်ဖို့ဒ်လတ်ကော့
ကြမ်းပိုး နှင့် ခြင်
ကြမ်းပိုးများ သင့်သွေးကို စုပ်သည် မှန်သော်လည်း သူတို့သည် စကားတစ်လုံးမျှ
မဆိုဘဲ သင့်ကို ကိုက်ကြသည်။ ယင်းသို့ ပြုခြင်းသည် ဖြောင့်မတ်၍ ပွင့်လင်းသည်။
ခြင်တို့သည်ကား ကွဲပြားခြားနားသည်။ မှန်ပါသည်။ သူတို့လူ့အသားကို ဖေါက်ထွင်း
နည်းသည် အတော်ပင် ကျနသေချာပါ၏ ။ သို့သော် မကိုက်ခင် မိန့်ခွန်းရှည်ကြီးသည်
အကိုက်ခံရသူတို့အဖို့ စိတ်ဆိုးစရာဖြစ်သည်။ သူတို့က သူတို့သည် လူ့သွေးကို
သောက်သုံးခြင်းသည် မှန်ကန်သော အမှုဖြစ်သည်ဟူ၍ အကြောင်းဖေါ်ပြချက်အားလုံး
ဖေါ်ထုတ် ရှင်းပြနေသည်ဆိုပါမူ ထိုသို့ ပြုခြင်းသည်ပင်လျှင် ပို၍စိတ်တိုဖွယ်ဖြစ်သည်။
ကျွန်ုပ်သည် သူတို့၏ ဘာသာစကားကို မသိ မတတ်သဖြင့် ၀မ်းမြောက်ပါသည်။
လူဆွန်း ( တရုတ်စာရေးဆရာကြီး )
ထိကြည့်ပါ
“မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
ဟု အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်းက လက်သင်စ စာရေးဆရာလေး
တစ်ယောက်ကို တစ်ခါက ပြောဖူးသည်။
ဂျွန် ကောဒ် လက်ဂမန်း
(အမေရိကန် စာပဒေသာမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ၊ ၁၉၆၄)
အချစ်
ယောက်ျား၏ အချစ်သည် သူ့ဘ၀နှင့် မသက်ဆိုင်သော သီးခြားအရာဖြစ်သည်။
မိန်းမအချစ်သည်ကား သူ့ဘ၀ တစ်ခုလုံးပင် ဖြစ်၏ ။
အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်
မိန်းမ
ကောင်းသောမိန်းမသည် ယောက်ျားတစ်ယောက်ကို ဥာဏ်ကွန့်မြူးစေသည်။
ထက်မြက်သော မိန်းမသည် ထိုယောက်ျားကို စိတ်ဝင်စားစေသည်။
လှပသော မိန်းမသည် ထိုယောက်ျားကို မက်မောစေသည်။ စာနာစိတ်
ထားရှိသော မိန်းမကမူ ထိုယောက်ျားကို ရလေသည်။
ဟဲလင်းရောင်းလန်းဒ်
(၁) လွတ်လပ်မှုနှစ်မျိုး
လွတ်လပ်မှုနှစ်မျိုး ရှိသည်။ မှားသော လွတ်လပ်မှုမှာမူ
လူတစ်ယောက်သည် သူလုပ်ချင်ရာ လုပ်ဖို့ လွတ်လပ်သည်။
မှန်သော လွတ်လပ်မှုမှာမူ လူတစ်ယောက်သည် သူလုပ်သင့်ရာကို
လုပ်ဖို့ လွတ်လပ်သည်။
ဗြိတိသျှ ၀တ္ထုရေးဆရာကြီး ချားလ်စ်-ကင်းစလီ
(၂) ယောက်ျားများ ၊ မိန်းမများနှင့် အချစ်
ယောက်ျားတို့သည် မိန်းမတစ်ဦး၏ အချစ်ဦး ဖြစ်လိုကျသည်။
ယင်းသည် သူတို့၏ မသပ်ရပ်သော မာနပင် ဖြစ်သည်။
မိန်းမတို၌မူ အရာရာ၌ ပိုမိုသိမ်မွေ့သော ပင်ရင်းစိတ်ရှိ၏ ။
သူတို့သည် ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။
အော်စကာဝိုင်းလ်ဒ်ရေးသော“အရေးမပါ အရာမရောက်
သော မိန်းမတစ်ဦး” ပြဇာတ်မှ
(၃) အကောင်းမြင်နှင့် အဆိုးမြင်
အကောင်းမြင်သမားရော ၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို
အကျိုးပြုကြ၏ ။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။
အဆိုးမြင်သမားက လေထီးကို တီထွင်သည်။
ဂစ်လ်-စာတန်း
(ဂစ်စာတန်းသည် မျက်မှောက်ခေတ် စာရေးဆရာ တစ်ဦးဖြစ်သည်။
အကောင်းမြင်သမားအဖြစ် လေယာဉ်ကို တီထွင်ပြီးလျှင် လူတို့၏
သွားလာရေး၊ သယ်ယူပို့ဆောင်ရေးကို ဖြစ်ထွန်းစေသည်ဆိုလျှင်
အပျက်မြင်သမားကလည်း မတောတဆ လေယာဉ်ပျက်ကျသော်
မသေကြေ မပျက်စီးနိုင်ရန် ကြိုတင် ပူပန်သည့်အလျောက် လေထီးကို
တီထွင်ပေးလိုက်သည်။ ဆိုလိုသည်မှာ အဖြစ်ကိုချည်း စဉ်းစား၍
လုပ်ဆောင်နေရုံဖြင့် မပြီးသေး။ အပျက်ကိုလည်း ထည့်သွင်းစဉ်းစား၍
လိုအပ်သော ကြိုတင်ကာကွယ်မှုတို့ကို ပြုနိုင်ရန် စီစဉ်ထားရမည်ဟူ၏)
(၄) ရောင့်ရဲခြင်း
ကျွန်ုပ်တို့မှာ ရှိသမျှနှင့် ရောင့်ရဲခြင်းသည် မှန်ကန်၏ ။
ဖြစ်သမျှဖြင့် ရောင့်ရဲခြင်းသည် ဘယ်သောအခါမျှ မမှန်ကန်ချေ ။
အင်္ဂလိပ်ပညာရှိ ဆာ၊ ဂျိမ်းစ်မက္ကင်းတော့
(၅) မိန်းမတွေ
ကျုပ်ခြေတစ်ဖက် သင်္ချိုင်းထဲ ရောက်တဲ့အခါ မိန်းမတွေအကြောင်းကို
ကျုပ်ပြောပြမယ်။ ပြောပြီး ကျုပ်ရဲ့ခေါင်းထဲကို ခုန်ချလိုက်ပြီး အဖုံးကို
ဆွဲဖုံးလိုက်မယ်။ ပြီးတော့ ကျုပ်က ဆိုမယ်။“ကဲ.... မင်းတို့ ငါ့ကို
ကြိုက်သလို လုပ်ပေတော့လို့”
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း
(၆) အရွယ်တင် တကယ်အို
လူတွေက အရွယ်တင်တယ် ပြောတဲ့အခါမှာ အိုပြီလို့ ပြောကြတာပါပဲ။
ရုပ်ရှင်မင်းသားကြီး ကေရီဂရန့်
Monday, March 15, 2010
Subscribe to:
Post Comments (Atom)



No comments:
Post a Comment