ကဗျာတစ်ပုဒ် အသက်ဝင်စေချင်ရင်
စိတ်ကိုအဲဒီကဗျာထဲမှာထားပြီး
လွတ်လွတ်လပ်လပ် ဖန်တည်းမှရတတ်တယ်..
ဘယ်သူနဲ့ တူမှာကြောက်လို့
ဘယ်စကားလုံး တူမှာကြောက်လို့
ဘယ်သူ သုံးထားပြီးသား ဖြစ်မှာကြောက်လို့
အဲလိုကြောက်စိတ်တွေဝင်နေရင် ကိုယ်ဖန်တည်းချင်တာ
ဘယ်တော့မှထွက်မလာတော့ဘူး..
အဓိက က ကိုယ်တမင် ကူးမသုံးမိစေဖို့ပဲ
တူတာတော့ တစ်ခုမဟုတ်တစ်ခုတူနေမှာပဲ
ဘာလို့လဲဆိုတော့ ဒီစကားလုံးတွေ အကုန်လုံးက ရှိနေပြီးသားလေ..
ဘယ်သူမှ ထပ်ထွင်ထားတာမဟုတ်ဘူး
ကိုယ်ရပ်ကြည့်တဲ့ထောင့်နဲ့ သူရပ်ကြည့်တဲ့ထောင့်
မျဉ်းတဖြောင့်ထဲကျနေရင်
စကားလုံးတွေရဲ့ ဒီဂရီကတူနေနိုင်တာပဲ...
ဘယ်ပညာမဆို အတွေ့အကြုံ ရင့်ကျက်လာရင်
အတတ်ပညာက အလေ့အကျင့်တစ်ခုလို
စတိုင်လှလှဝတ်ပြီး အကွက်ကျကျ ဖြူစင်မှုတွေကို ဖျက်စီးပြစ်တတ်တယ် ..
အဲဒီအခါမှာ ရိုးသားတဲ့ ဖြူဖြူစင်စင် ကဗျာဖြစ်မလာတော့ဘူး..
ချပ်ဝတ်တန်ဆာတွေနဲ့ ကဗျာကလေးလံသွားတတ်တယ်..
ခန့်ခန့်ညားညားနဲ့ ကြည့်လို့တော့ သိပ်ကောင်းပေမဲ့
ကဗျာက သူ့မှာပိနေတဲ့ဝန်တွေနဲ့ မလှုပ်နိုင်တော့ဘူး..
အဲဒါ ကဗျာ အိပ်သွားတာ..
အိပ်ပျော်နေမှတော့ ဘယ်လောက်နှစ်သက်တဲ့
အစားအစာဖြစ်ဖြစ် ဘယ်လိုစားဖြစ်တော့မလဲ...
Monday, March 15, 2010
Subscribe to:
Post Comments (Atom)



No comments:
Post a Comment